FIRST & LAST 3(zawgyi)

972 21 0
                                    

Season 1
Part (3)

ဟန်နာ..ဟို
ပြောလေနန်းထိုက်...
ဟန်နာမေးထားတဲ့အဖြေလေ..ညီမလေးက ကွန်ဒိုကနေ
ကျောင်းတက်ဖို့တဲ့...အဲ့ဒါ
အင်း ကျောင်းပြန်ဖွင့်တော့မှာဘဲ့ လိုအပ်တာတွေပြင်ဆင်ထားလေ။ ငါနေတဲ့ကွန်ဒိုအရင်တခေါက်က နင်လည်းရောက်ဖူးပြီးပြီမလား...
ဒါဆို ညီမလေးကိုအကြောင်ကြားလိုက်မယ်နော်
ကျောင်းက နောက်တပတ်ဆိုဖွင့်တော့မှာမို့
အင်း ပြောလိုက်ပါ...

ဟဲလို သဲ..ဟို လိုအပ်တဲ့အဝတ်အစားအသုံးဆောင်တွေ
ပြင်ဆင်ထုတ်ပိုးထားလိုက်တော့နော်။ညနေအလုပ်ပြန်ချိန်
မကြီးလာခေါ်မယ်ကွန်ဒိုပြောင်းဖို့။
အမေကိုရောအကြောင်းကြားလိုက်ပါ။တော်ကြာ
အမေအလုပ်ကပြန်လာချိန် သဲ မရှိရင်စိတ်ပူနေမယ်။

ဟုတ်ဟုတ် သဲပြင်ဆင်ထားလိုက်ပါ့မယ်။
အမေနဲ့အမမရှိချိန် Dramaထိုင်ကြည့်နေတတ်ပြီးတိုက်ခန်းမှာ တယောက်တည်းနေရတဲ့ (သဲထိုက်)အတွက်
တိတ်ဆိတ်ခြင်းက နေသားကျနေပြီ။ဟ်ိုပြောင်းတော့ရော အဲ့အမနဲ့အဆင်ပြေပါ့မလားစိုးရိမ်မိတယ်။ဘာဖြစ်ဖြစ်
သူစိမ်းတယောက်ရဲ့ကွန်ဒိုမှာနေထိုင်ရတာ
နေထိုင်ကျနိုင်မည်မဟုတ် သို့သော် အရာရာ
အဆင်ပြေအောင် သဲကြိုးစားရမှာပေါ့

နန်းထိုက် နင့်ညီမလေးကိုအကြောင်းကြားပြီးပြီလား။
အင်း နေ့လည်ကဘဲ့ ဖုန်းဆက်သေးတယ်။ ခုချိန်လောက်ဆို သူပြီးနေပြီနေမှာ ပြင်ဆင်လို့။
ဒါဆို အလုပ်ဆင်ချိန် ငါလိုက်ပို့ပေးမယ်လေ။အပြန်ကျရင် ကလေးမကိုတခါတည်းခေါ်လာရတာပေါ့။
အားနာလိုက်တာ ဟန်နာရယ်..
မဟုတ်တာ အပြန်ကျရင်ကလေးမကိုလည်းတခါတည်းခေါ်လာလို့ရတာပေါ့ ။ခုခေတ်က
တက္ကစီတွေက စိတ်မချရဘူးလေ ။ပြီတော့ နေထိုင်ဖို့ကိစ္စစိတ်မပူနဲ့။အစစရာရာငါဘဲ့ စီစဉ်ပေးလိုက်မယ်။ မနက်ကျမှ နင်လာကြည့်ချင်လာကြည့်ပေါ့။ နင်လည်းပင်ပန်းနေပြီ
မလား။ အေးအေးဆေးဆေးအနားယူလိုက်ပါတိုက်ခန်းရောက်ရင်။

ဟူးးး၅နာရီတောင်ခွဲပြီ မကြီလည်းမလာသေးပါလား။
အမေကလည်း အလုပ်ကပြန်မလာသေးဘူး။
ဟောပြောရင်းဆိုရင်းရောက်လာပြီ။ဟို တစ်ခါက လာပို့တဲ့ ကားမဲကြီးပါလား။....

FIRST & LASTWaar verhalen tot leven komen. Ontdek het nu