FIRST & LAST 11(zawgyi)

848 14 0
                                    

Season 1
Part 11

အမေကျွန်တော် သမီးဟန်နာကိုဖုန်းအကြိမ်များစွာဆက်တာ မကိုင်လို့ စိတ်ပူပြီးကွန်ဒိုရောက်သွားတယ်...ကွန်ဒိုမှာလည်း ဘယ်သူမှမရှိဘူး..
ကွန်ဒိုက အစောင့်သမားကိုမေးတော့ ခပ်ငယ်ငယ် ကောင်မလေးတယောက်နဲ့ မနက်စောစောအပြင်သွားတာတွေ့လိုက်တယ်တဲ့..

ဟုတ်လား မင်းခေါင်  ဒီကောင်မလေးဘာတွေ သွားနေတာလဲ မသိဘူး...
အိမ်ကိုလည်း တခုမှမပြောခဲ့ဘူး
မဖြစ်သေးပါဘူး အမေရယ် သူ ခြေလမ်းတွေ ပျက်နေတယ် ပြီးတော့  ရုံးက စာရင်းတွေလည်း
ပြန်စစ်တော့ အချို့နေရာတွေ လွဲနေတာတွေဖြစ်နေတယ်...ကျွန်တော်ဒီကိုရောက်လို့ ကုမ္မဏီ
သွားတိုင်းလည်း မတွေ့ဘူး..ရုံးဝန်ထမ်းတွေကို မေးကြည့်တော့လည်း..ကိစ္စရှိလို့ထွက်သွားတယ်လို့ဘဲ့ဖြေကြတယ်

နောက်တခုစိတ်ပူတာက အရင်လို အခြေနေတခုပြန်ရောက်မှာကိုမလိုလားဆုံးဘဲ့..စိတ်ပျော်ပါစေဆိုပြီးကျွန်တော်က လွှတ်ပေးထားတာ...ခုဆိုရင်ဖြင့်  အပေါင်းသင်းမရှိတဲ့ သမီးက
သူစိမ်းတယောက်နဲ့ အပြင်ထွက်သွားတာမျိုးရှိလာပြီ...ဘယ်သူနဲ့ထွက်သွားမှန်းလည်းမသိ
လမ်းမှာဘာတွေဖြစ်လို့ဖြစ်နေမှန်းလည်းမသိ...ခုဆိုရင် ည၈နာရီကျော်ပြီ...ဖုန်းကလည်းစက်ပိတ်ထားတယ်ဘဲ့ဖြစ်နေတယ်...

သမီးဟန်နာအဆင်ပြေလောက်မှာပါ....အရင်လိုအန္တရာယ်ရှိမဲ့အလုပ်မျိုးတော့သူမလုပ်လောက်ဘူး...နောက်ပြီး...သူရဲ့ရောဂါလက္ခဏာကလည်း အရင်လိုမပြတော့ဘူးလေ...မင်းခေါင်ရယ်

တချိန်ကကျွန်တော် မကောင်းခဲ့တာ သိပါတယ်...
ဒါမဲ့ခုချိန်မှာတော့ ကျွန်တော် ကြိုးစားသမျှက သားနဲ့သမီးအတွက်ပါဘဲ့...ဆိုတော့ သမီးဟန်နာ ကို ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး...
သူကိုမျက်ခြေမပြတ် စောင့်ကြည့်ဖို့ လူလွှတ်ထားမှရတော့မယ်အရင်လိုအခြေနေပြန်ဖြစ်မှာကိုလည်းမလိုလားဆုံးဘဲ့ အမေ..နောက်ပြီးသူစိတ်ချမ်းသာအောင်နေနိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်

မမ. ညီမကိုချစ်လားးးး
ချစ်တာပေါ့ ကလေးရဲ့....
အဲ့ဆို ညီမကိုထားမသွားရဘူးလို့ကတိပေးနော်...
မမ မရှိတော့ရင် အရမ်းခံစားရမှာ...
နောက်ပြီး ညီမက မမကိုအရမ်းချစ်တာ အဲ့တာသိလား....

FIRST & LASTWhere stories live. Discover now