[72]

1.4K 259 2
                                    

[Unicode]

အခန်း(၇၂):အသည်းကွဲ​နေရတဲ့ ဒါရိုက်တာကျုံး
နှင့် သူ့ကို လွှတ်ပေးလိုက်ပါ


မြို့လယ်တစ်​နေရာ screen မျက်နှာပြင်ထက်တွင်။

သတင်းထောက်သည် မိုက်ခရိုဖုန်းကိုကိုင်လျက် သူ့မျက်နှာသည်လည်း လေးလေးနက်နက်ဖြင့် သတင်း​ကြေငြာ​နေ​၏။ "ဒီမနက် သတင်းအရ နာမည်ကြီးကြယ်ပွင့် မျက်နှာသစ်ဒါရိုက်တာ ကျုံးလီဖုန်းပိုင်က သူ့ချစ်သူနဲ့အတူ ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာချိန်မှာ Gemini အဆောက်အဦးထိပ်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ ချစ်သူဖြစ်သူက ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး သတိလစ်သွားခဲ့ပါတယ်။ ယခုအချိန်မှာ​တော့ အသက်အန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။ ဒါရိုက်တာကျုံးရဲ့လက်ထောက်ကတော့ အင်တာဗျူးကို ယာယီလက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ အ​ခြေအ​နေကိုသိရရင် ကျွန်မတို့ ဆက်ပြီးကြော်ငြာပါမယ်ရှင့်။"

Screen မျက်နှာပြင်က ပြောင်းသွားခဲ့ကာ သတင်းထောက်သည် အင်တာဗျူးဖြေသူဘက်ကို လှည့်သွားသည်။

စားပွဲထိုးအမျိုးသမီးငယ်က မျက်ရည်စမ်းတမ်းတမ်းဖြင့် "ကျွန်မတို့ဥက္ကဌမုက အရမ်းတော်တဲ့လူပါ။ ဘယ်သူကများ ဒီလောက်ရက်စက်ရတာ​လဲ တကယ်မသိတော့ပါဘူးရှင်"

ပြုပြင်ထိန်းသိမ်းရေးဌာနမှ အမျိုးသားတစ်ဦးကလည်း သူ့ပလာယာကို ဒေါသတကြီး ဝှေ့ယမ်းကာ "ဒီလူဆိုးတွေက သေဖို့ ထိုက်တန်တယ်။ အကျင့်ပျက် အရာရှိတွေကိုတော့ မတိုက်ခိုက်ဘဲနဲ့ ကျုပ်တို့ရဲ့ ဥက္ကဌမုကိုကျ​တော့ ဘာအတွက် တိုက်ခိုက်တာလဲ!ကျုပ်ကို ဒေါသထွက်​အောင်လုပ်တာပဲ!ကျောက်ခဲနဲ့ ခင်ဗျားတို့ကို ပစ်​ပေါက်ပစ်မယ်!"

သန့်ရှင်း​ရေးအဒေါ်ကြီးသည်လည်း တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် "ကျွန်မတို့ရဲ့ ဥက္ကဌမုက ဒီလောက်သ​ဘောကောင်းတဲ့သူပါ။ သူ့လိုလူမျိုးကို ဘယ်သူကများ တိုက်ခိုက်ဖို့အထိ နှလုံးသားမဲ့ရတာလဲ!"

အင်တာဗျူး၏နောက်ခံမှာ စားသောက်ဆိုင်,ဆိုင်ခွဲလိုဂိုနဲ့ ဖြစ်သည်။ ပရဟိတကဏ္ဍမှာ မုချိုးရဲ့နာမည်ကို လူသိများတဲ့အတွက် လူအုပ်ကြီးက သူဖြစ်ပျက်ခဲ့တာကို သိလိုက်ရတာနဲ့ သူတို့အားလုံး စိုးရိမ်ပူပန်နေကြတော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now