[73]

1.5K 271 0
                                    

[Unicode]

အခန်း(၇၃):နာခံတတ်သည့် နိုနိုနှင့် မျက်နှအမာရွတ်နဲ့ လူ

အဲဒီညက အိုးရန်လုံသည် အရမ်းနောက်ကျပြီးမှ အိမ်ကိုပြန်ရောက်လာခဲ့သည်။ သူတို့အိပ်ခန်းထဲကို ဒုတိယအကြိမ် ရောက်တဲ့အခါမှာတော့ ဆုနိုသည် သူ့ပေါင်ပေါ်မှာ စာအုပ်တစ်အုပ်တင်ထားလျက်ဖြင့် အိပ်ယာပေါ်မှာ လှဲ​လျောင်းနေတာကို တွေ့လိုက်ရသည်။ သူ့ခေါင်းက တစ်ဖက်ကိုစောင်းကာ အိပ်ပျော်နေပြီ ဖြစ်သည်။

သူ လည်ပင်းနာမှာ မ​ကြောက်ဘူးလားမသိဘူး? မစ္စတာဒါရိုက်တာသည် ရယ်လိုက်ပြီး ခေါင်းအုံးပေါ် ပြန်တင်ပေးလိုက်သည်။

"ပြန်လာပြီလား?" ဆုနို သူ့မျက်လုံးတွေကို ပွတ်သပ်ရင်း အိပ်ချင်နေပုံရသည်။

“အင်း....အနားယူလိုက်ဦး။” အိုးရန်လုံသည် သူ့ပါးလေးကို နမ်းလိုက်ပြီး "ကိုယ် ရေသွားချိုးလိုက်အုံးမယ်"

"ဒါရိုက်တာကျုံးနဲ့ တခြားသူတွေရောဘယ်လိုလဲ?" ဆုနို  မေးလိုက်သည်။

"နှစ်ယောက်လုံး အ​ခြေအ​နေကောင်းပါတယ်။ စိတ်မပူပါနဲ့" အိုးရန်လုံသည် သူ့အတွက် စောင်ကို ဆွဲခြုံ​ပေးလိုက်ပြီး "အရမ်းနောက်ကျနေပြီ အိပ်တော့"

"ကျွန်တော် ဒါရိုက်တာကြီးအတွက် နွားနို့ပူပူလေးတစ်ခွက်သွားယူပေးမယ်။" ဆု​ရှောင်းနိုသည် ဝိုးတဝါးဖြင့် ပြန်ထလာခဲ့သည်။

ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ!

"ကိုယ့်ဘာသာ လုပ်လိုက်ပါမယ်။" အိုးရန်လုံသည် သူ့ကို တားလိုက်ပြီး "ပြန်အိပ်တော့"

"ဒါဆို ကျွန်တော် နှိပ်ပေးမယ်လေ" ဆုနိုသည် စောင်ကို ပွေ့ဖက်လိုက်ပြီး ညည်းညူလိုက်သည်။

အိုးရန်လုံ သူ့လက်ကို ဆန့်လိုက်ပြီး နှာခေါင်းလေးကို ဖိညစ်လိုက်သည်။
နှိပ်နယ်ပေးဖို့ကို မပြောနဲ့။မျက်လုံးကိုတောင် မဖွင့်နိုင်တာကို!

ရေချိုးခန်းထဲက ရေသံတွေ ထွက်လာခဲ့ပြီး ဆုနိုသည် သူ့ကိုယ်သူ  သမ်းဝေရင်း ဆိတ်ဆွဲလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now