[74]

1.5K 267 0
                                    

[Unicode]

အခန်း(၇၄): Photoshoot နှင့် သူက ငါ့ကိုလိုက်​နေတယ်

"ကိုယ် မင်းဆီကိုလာဖို့မလိုတာ သေချာရဲ့လား?" အိုးရန်လုံသည် စိတ်မအေးနိုင်ပေ။

"ရတယ်။ ကျွန်တော် အခုပဲ ကုမ္ပဏီကို ပြန်မောင်းနေပြီ" ဆုနိုသည် ကားစက်နှိုးလိုက်ပြီး "ဒါကိုသာ ဒိုင်အန်း သိရင် သူထပ်ပြီး ဇီဇာ​ကြောင်ပြီး ဇာချဲ့​နေအုံးမှာ!"

သူ ပါးစပ်ဟလိုက်တာနဲ့ အမြဲလိုလို စိတ်အနှောင့်အယှက်ဖြစ်ရတယ်!

“ကောင်းပြီ။ သတိထားမောင်း​နော်။ တစ်ခုခုဆိုရင် ကိုယ့်ဆီသာ ဖုန်း​ခေါ်လိုက်” အိုးရန်လုံ ပြောလိုက်သည်။

“ကောင်းပါပြီ” ဆုနို ဖုန်းချလိုက်ပြီး ထွက်သွားဖို့ အဆင်သင့်ဖြစ်နေချိန်မှာပဲ တစ်စုံတစ်ယောက်က ကားပြတင်းပေါက်မှန်ကို ရုတ်တရက် ခေါက်လိုက်သည်။

ပြီးတော့.....အနက်​ရောင်ဂျက်လေယာဉ်ဖြင့် မြေပြင်ပေါ် ဆင်းသက်လာတဲ့ မစ္စတာဒါရိုက်တာကို သူတွေ့လိုက်သည်။

ဘယ်ဟုတ်မလဲ!

တကယ်တော့ လူတွေကို တိုက်သွားတဲ့ စိတ်ရှုပ်ဖွယ် စက်ဘီးသမားပဲ!

"ဘာလိုချင်လို့လဲ?" ဆုနိုသည် ပြတင်းပေါက်မှန်ကို နှိမ့်လိုက်ပြီး သူ့လေသံက သိပ်သဘောကျနေပုံမရ​ပေ။

"တကယ် တောင်းပန်ပါတယ်ဗျာ" အမာရွတ်ရှိတဲ့လူက သူ့လက်ထဲမှာ အရမ်းကြည့်လို့ရှု့လို့ကောင်းတဲ့ သေတ္တာတစ်ဘူးကို ကိုင်ထားပြီး "မင်းသွားနေတဲ့လမ်းအရ ဒီဆိုင်ကိုသွားချင်နေတယ်လို့ ကိုယ် ထင်ခဲ့လို့ပါ"

သူဘာလုပ်ဖို့ကြိုးစားနေတာလဲ...

"မင်း မှားနေပြီ" ဆုနို အေးစက်စွာပြောလိုက်သည်။
ငါက အစားအသောက်ကို နှစ်သက်သူတစ်ဦးဖြစ်ပေမယ့်လည်း ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာရှိတဲ့ foodie တစ်​ယောက်ပဲ!

ဒါကို လက်မခံနိုင်ဘူး!

"ဒါ ကိုယ့်ဖုန်းနံပါတ်" အမာရွတ်နဲ့လူက သူ့ကို စာရွက်တစ်ရွက် ပေးလိုက်သည်။

မင်းဘာလို့ လာရှုပ်နေရတာလဲ! ဆုနိုသည် သူ၏နက်မှောင်နေသည့် နေကာမျက်မှန်က​​နေ သူ့ကို စိုက်ကြည့်ကာ အေးစက်စက် အသံဖြင့် "ဘာကိစ္စမှ မရှိ​တော့ရင် ငါ သွားတော့မယ်"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now