အပိုင်း ၄

1.6K 176 0
                                    

"သားကြီး..
Jimin ကိုသွားနှိုးလိုက်ပါဦး..
ဒီမှာ သူ့သူငယ်ချင်းရောက်နေတာ ခုထိမနိုးသေးဘူးလားမသိဘူး.."

Yoongi အိမ်အပေါ်ထပ်ကဆင်းလာချင်းချင်း မားရဲ့ ဆီးကြိုပြောတဲ့စကားကြောင့် ဘေဘီ သူငယ်ချင်းဆိုသူကိုကြည့်မိတော့..
မနေ့က ကားပြိုင်ပွဲမှာ ဘေဘီဘေးကထိုင်တဲ့ကောင်လေးပင်.

Yoongi ပြုံးပြလိုက်ပြီး..အိမ်ပေါ်ထက်ပြန်တက်လာခဲ့သည်..
ထို့နောက် ဘေဘီခန်းရှေ့ ရပ်နေမိသည်
တံခါးခေါက်ရန်လက်တွေပ မနေ့က ကိစ္စကြောင့် တုံ့နှေးနေမိသည်...

မတတ်နိုင်...
ဘေဘီကတော့ သူ့ကိုအစာကြေမည်မဟုတ်လောက်..
သို့သော် နှိုးရမည်...
ကျောင်းချိန်ရှိသေးသည်မလား...

"ဒေါက်..ဒေါက်.."

တံခါးကို သုံးလေးကြိမ်လောက်ခေါက်တာတောင်အထဲက response ပြန်မလာတာကြောင့် ဒီတိုင်းတွန်းဖွင့်ဝင်လာခဲ့သည်...

အိပ်ရာပေါ်တွင်စောင်တွေနှင့်လုံးထွေးနေသော  သူ့ညီလေး...
စောင်က ခန္ဓာတခုလုံးကို ပတ်ကာခေါင်းလေးတလုံးသာထွက်လျက် တကိုယ်လုံးပိုးတုံးလုံးလေးနှယ်..

ပက်လက်ကလေးမဟုတ်ပဲ မှောက်ခုံလေးအိပ်နေကာ ခေါင်းလေးကတဖက်စောင်းလျက် နှုတ်ခမ်းလေးက ဟနေသေးသည်...

ထို့အပြင် ခေါင်းအုံးကို ဖိကာ မျက်နှာကိုတခြမ်းစောင်းလျ်ကအိပ်နေသောကြောင့် ခေါင်းအုံးနှင့်ဖိထားမိသောပါးလေးတဖက်က ဖောင်းထွက်နေသည်...

(အိစ်...ကိုက်ဆွဲမယ်..)

Yoongi ကြည့်ရင်းပြုံးမိသွားသည်..

ဒီကလေး ချစ်ဖို့ကောင်းလွန်းတယ်..

ကုတင်စွန်းမှာ ထိုင်လိုက်ရင်း jimin ခေါင်းလေးကိုပွတ်သပ်ပေးနေမိရင်း..
ပြုံးမိပြန်သည်...

သူ့မှာ ဒီညီလေးတစ်ယောက်ကိုချစ်ရတာမှာ တဖက်ကိုလွန်နေသော်လည်း..ကလေးလေးက အကိုအေပါ် နွဲ့ဆိုးဆိုး နေသည်...
ကလေးပီပီ နွဲ့ဆိုးဆိုးတာလက်ခံနိုင်သော်လည်း..ကလေးက အရမ်းကို ရိုင်းစိုင်းလာသည်မှာ ဘာကြောင့်လဲသူမသိပါ...

သူသိသည်က ကလေးလေးကို ပြန်ပြုပြင်ဖို့...
သူ့ညီလေးကို လူတော်လူကောင်းလေးတစ်ယောက်ဖြစ်စေဖို့ ဆန္ဒတခုသာ...

ကိုကို //Yoonmin (Unicode version)Where stories live. Discover now