ဇာတ်သိမ်းပိုင်း

2.6K 167 22
                                    

အချစ်​သည်​..
နာကျည်းခြင်းနှင့်စလျှင်​နာကျည်းခြင်းဖြင့်ဆုံးသည်​..
​ပေးဆပ်​ခြင်းဖြင့်စလျှင်​ ​ပေးဆပ်​ခြင်းဖြင့် ဆုံးသည်​..
ရယူလိုခြင်းဖြင့် စလျှင်​ ရယူလိုခြင်းနှင့် အဆုံးသတ်​သည်​ဆို​သော စကားသည်​ မှန်​​နေသည်​လားမ​ပြောတတ်​...

ကျွန်​​တော်​၏ အချစ်​သည်​ အမုန်းတရားနှင့်စတင်​ခဲ့ပါ၏..
အလွန်​အမင်း မုန်းတီးခြင်းဖြင့်စ၍ အလွန်​အမင်း ချစ်​ခြင်းကို ​ဖော်​​ဆောင်​သွားသည်​...
ထို့​ကြောင့်ပင်​ထင့် ကျွန်​​တော်​၏ အချစ်​သည်​လည်း အမုန်းတရားဖြင့် အဆုံးသတ်​မည်​ထင်​ပါ၏..
အခုချိန်​ထိ ကျွန်​​တော်​သည်​ ကိုကိုများပြန်​ချစ်​လာနိုး ပြန်​ချစ်​လာနိုးဖြင့် ကိုကို့အား စိတ်​အ​နှောင့်အယှက်​ ​မြောက်​များစွာ ​ပေးခဲ့ဖူးသည်​...
ကိုယ့်ကိုကိုယ်​နာကျင်​​အောင်​လဲ လုပ်​ဖူးသည်​..
သို့​သော်​ ကျွန်​​တော်​သည်​ ကျွန်​​တော့်ရင်​​တွေစုတ်​ပြတ်​သတ်​ရသည်​ထက်​ ပို၍ မည်​သည့်အချစ်​ကိုမျှလက်​ခံရရှိခဲ့ခြင်းမရှိပါ​ချေ..

ကျွန်​​တော်​ ထွက်​သွားသင့်ပြီလား...

ကျွန်​​တော်​ဟာ တချိန်​လုံးပင်​ ကိုကို့ကို စိတ်​ဆင်းရဲ​အောင်​ပြုမူဖူးသည်​...
မုန်းမိတုန်းကလဲ မုန်းလို့ဆိုပြီး ​စော်​ကား၍တမျိုး..
ချစ်​ပြန်​​တော့လဲ ချစ်​လို့ပါဆို၍ တွယ်​ကပ်​လွန်း၍ တဖုံ...
​သေချာပြန်​စဉ်းစားကြည့်ပါလျှင်​ ကျွန်​​တော်​ကသာ villain တစ်​​ယောက်​ဖြစ်​​နေခဲ့ ခြင်းပင်​..
ကျွန်​​တော်​ကသာ ပြဿနာ​ကောင်​..

ကိုကိုသည်​ ကျွန်​​တော်​မည်​မျှပင်​ ကြိုးစားကြိုးစား သူချစ်​​သော အမျိုးသမီးကို ဆက်​ချစ်​​နေမှာပင်​..

သူတို့အချစ်​သည်​ အချစ်​နှင့်စ၍ အချစ်​နှင့်ဆုံး၏..
ကျွန်​​တော့်အချစ်​သည်​ အမုန်းနှင့်စ၍ အမုန်းနှင့်ဆုံးမည်​မှာ ​သေချာသ​လောက်​ရှိသည်​...

ကျွန်​​တော်​သည်​ ကျွန်​​တော့်အတ္တဖြင့် ကိုကို့​ပေါ်ထား​သောအချစ်​ကို​ဆေးဆိုးရုံသာမက ကိုကို၏ ကျွန်​​တော့်အ​ပေါ်ထား​သော အချစ်​ကိုပါ​ဆေးဆိုးရန်​ ကြိုးစားခဲ့သည်​...

ကိုကို //Yoonmin (Unicode version)Onde histórias criam vida. Descubra agora