အပိုင်း ၂၃

1.7K 143 0
                                    

"Hyung!!!"

Taehyung hyung အား​အော်​လိုက်​မိခြင်းနှင့်အတူ မျက်​ရည်​များက ​ဝေ့ခနဲ..

ဘယ်​လိုဖြစ်​လို့ ကျွန်​​တော့်အ​ပေါ်ဒီလိုလုပ်​နိုင်​ရတာလဲ...
ဘာ​ကြောင့် ကျွန်​​တော့်ကိုပဲ လက်​လွှတ်​ခိုင်း​နေကြတာလဲ...

"Jimin ​လေး"

လက်​ကိုလာကိုင်​​သော Taehyung hyung ၏ လက်​ကိုပုတ်​ထုတ်​လိုက်​လျက်​ ​နောက်​ကိုဆုတ်​မိသည်​...

ဟင့်အင်း..
ကျွန်​​တော်​ဟာ ကိုကို့ကို ဘယ်​​တော့မှစွန့်လွှတ်​မဲ့သူမဟုတ်​...
ကျွန်​​တော့်ဘက်​က စချစ်​ကတည်းက
လက်​လွှတ်​ဆုံးရှုံးခံဖို့ချစ်​ခဲ့တာမဟုတ်​..

ဒီတိုင်း..
ဒီတိုင်း..
ကျွန်​​တော့်နားမှာ ကိုကို့ကို ထားချင်​ခဲ့ရုံ​လေးကို ဘာ​ကြောင့်....

"Jimin ​တော်​​တော့ မငိုနဲ့​တော့..hyung မ​ပြော​တော့ဘူး​နော်​..hyung​ပြောတာကို​မေ့လိုက်​​တော့​နော်​..."

ထိုင်​ခုံမှထလျက်​ ပါး​ပေါ်မှမျက်​ရည်​များကို လာသုတ်​​ပေး​သော လက်​ဖဝါးတဖက်​ကို လက်​နှစ်​ဖက်​နှင့်ဆုပ်​​ကိုင်​လျက်​ ​မော့ကြည့်မိရင်း...

"ကျွန်​​တော်​..
ကိုကို့ကိုချစ်​တယ်​..
မခွဲ...မခွဲပါနဲ့..​နော်​..
ကျွန်​​တော်​..အရမ်း..အရမ်းချစ်​လို့ပါ.​နော်​..​နော်​"

အသနားခံမိသည်​...
ကျွန်​​တော်​သာ ကိုကို့နားကထွက်​မသွားနိုင်​သူ ဖြစ်​တာမို့...
ကျွန်​​တော်​သာ ကိုကို့အတွက်​အမြဲရှိ​နေ​ပေးသူ ဖြစ်​တာမို့.
ကျွန်​​တော်​သာ ကိုကို့ကို အများကြီးချစ်​မိသူဖြစ်​တာမို့...

ကိုကို့​ဘေးမှာ​နေရမည်​ဆိုလျှင်​ ဒူး​ထောက်​​တောင်းပန်​ဆိုလျှင်​​တောင်​ ချက်​ချင်းဒူး​ထောက်​ပါမည်​.....

ရှိခိုးဆိုလျှင်​ ​တောင်​ ရှိခိုးမိမည့်သူဖြစ်​တာမို့ ကိုကိုနဲ့ ကျွန်​​တော့်အား မခွဲပစ်​ကြလျှင်​​ကောင်းမည်​ထင်​ပါသည်​....

ကျွန်​​တော်​သည်​ သူနဲ့ပတ်​သတ်​လျှင်​ ကျွန်​​တော့်မာနအားလုံးရိုက်​ချိုးထားခဲ့သည်​..
ကိုကို့ ​ဘေး​နေခွင့်ရဖို့ လာ​ရောက်​တားမြစ်​သူမှန်​သမျှအား ဒူး​ထောက်​သင့်ရင်​ ​ထောက်​ရမည်​..

ကိုကို //Yoonmin (Unicode version)Dove le storie prendono vita. Scoprilo ora