25

14.7K 2.2K 203
                                    

{Unicode}

"ရောဂါလက္ခဏာ"

ရန်ကျားလိသည် တစ်ယောက်တည်း Heshan သုသာန်ထဲသို့ ဝင်လာခဲ့သည်။

ကောင်းကင်ထက်၌ အမှောင်ထုတို့ ကြီးစိုးနေပြီး ဝိုးတိုးဝါးတား မြူမှုန်များသည်လည်း လွင့်ပျယ်မသွားသေးပေ။ သုသာန်တစပြင် တစ်ခွင်လုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

ရန်ကျားလိ၏ သေးသွယ်ပိန်ပါးနေသော ခန္ဓာကိုယ်လေးသည် အရုဏ်ဦး မြူနှင်းများကြား တိုးကာဝှေ့ကာနှင့် ရင်းနှီးလှစွာသော အုတ်ဂူတစ်ခုရှေ့ လျှောက်သွားခဲ့သည်။

ရိုးရှင်းသော ပုံသဏ္ဍာန်နှင့် ကျောက်တုံးအုတ်ဂူအပေါ်တွင် လွန်စွာနွေးထွေးသည့် အပြုံးကို ပိုင်ဆိုင်ထားသည့် ဆံပင်တိုနှင့် အမျိုးသမီး၏ ဓာတ်ပုံကို တင်ထားသည်။

ရန်ကျားလိသည် ထိုဓာတ်ပုံကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပြီး မည်သို့သော စကားမှ မဆိုခဲ့ပေ။ ထို့နောက် အိတ်ကပ်ထဲမှ ကြိုတင်ပြင်ဆင်လာသည့် လက်ကိုင်ပုဝါကို ထုတ်လိုက်ကာ အုတ်ဂူပေါ် တိတ်တဆိတ် သုတ်ပေးနေခဲ့သည်။

အုတ်ဂူမှ ဖုန်မှုန့်များအားလုံး ပြောင်စင်အောင် သုတ်ပြီးသောအခါ ရန်ကျားလိသည် အုတ်ဂူ၏ နံဘေးတွင် မှီရက်ထိုင်လိုက်သည်။

သူသည် ခေါင်းမော့ကာ မိုးကုတ်စက်ဝိုင်းထံမှ အလင်းရောင် မှိန်ဖျော့ဖျော့ကို ကြည့်နေရင်း အလွန်တိုးလျသော အသံလေးနှင့် ခေါ်လိုက်သည်။

"အမေ"

ရန်ကျားလိ၏ ဦးခေါင်းသည် အုတ်ဂူပေါ် ခပ်ဖွဖွကလေး ထိလိုက်ပြီး တစ်စုံတစ်ယောက်အား တိုးတိုးတိတ်တိတ်နှင့် နှစ်ကိုယ်ကြား လျှို့ဝှက်ချက်များ ဖွင့်ပြောနေသကဲ့သို့ လေသံလေးမှာ တိုးလျအားပျော့လှသည်။

"အခုတလော ဖြတ်သန်းရတာ သိပ်အဆင်မပြေဘူး။ ဆေးတွေ ထပ်သောက်ရတော့မယ် ထင်တယ်။ ဒါပေမဲ့ အမေ စိတ်မပူပါနဲ့။ အမေ့သားက ဘယ်လောက်တောင် သန်မာလိုက်သလဲလို့။ အဲ့လောက်ပါပဲ။ အရင်ကလည်း ဒီအတိုင်း ဖြတ်ကျော်နေကျပဲဟာ။ အခုလည်း ဘာမှမဖြစ်လောက်ပါဘူး။ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ။ တကယ်ပြောတာ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now