Part1

825 19 0
                                    

Uni

ကျွန်တော်ရဲ့ ဘဝထဲကို ပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးပြီး မျှော်လင့်ချက် ရောင်ခြည်လေးတွေ ထွန်းလင်းတောက်ပ လာအောင် ကျွန်တော့ရဲ့ မနက်ခင်းတိုင်းအတွက် ခွန်အားလေးဖြစ်စေခဲ့ ကောင်ကင်ငယ်လေး
ကျွန်တော့်ဘဝလေးထဲကို ဝင်လာခဲ့တာ အခုဆိုရင် တစ်နှစ်ဆိုတဲ့ အချိန်လေးပြည့်တော့မယ်

ကျွန်တော့်ရဲ့ဘဝမှာ အမေပြီးတော့ ကျွန်တော့ရဲ့ သားငယ်လေး...
ကျွန်တော့်နာမည်က ကြယ်တဲ့ ကျွန်တော့ကို အမေကမွေးတဲ့ညမှာ ကောင်းကင်မှာရှိနေတဲ့ ကြယ်လေးတွေဟာ အရောင်တဖိန့်ဖိန့်တောက်ပနေ လို့
အမေက ကျွန်တော်ကို ကြယ်ဆိုပြီးနာမည်မှည့်ပေးခဲ့တယ်

ကျွန်တော့်ရဲ့အဖေကတော့ ကျွန်တော်ငါးနှစ်သား အရွယ်မှာဆုံးပါးသွားခဲ့ပြီး အမေကဘဲ ကျွန်တော့ကို ရှာဖွေကျွေးမွေးခဲ့တာပါ

ကျွန်တော်အရွယ်ရောက်လာပြီး တက္ကသိုလ် ပထမနှစ်ကို စတတ်နေပြီးဖြစ်သည်။
ကျွန်တော်လည်း အရွယ်ရောက်နေပြီးဆိုတော့
အမေ့ရဲ့ ပင်ပန်းမှုတွေသက်သာအောင်လို့ တစ်ဖက်တစ်လမ်းက ပိုက်ဆံရဖို့အတွက် ကျွန်တော်အလုပ်လုပ်ဖို့ အမေ့ဆီက ခွင့်ပြုချက် တောင်းတော့ အမေက မလုပ်​​​စေချင်၍
တားသော်လည်း ကျွန်တော်အတင်းပြောဆိုနေ၍ အလုပ်လုပ်ခွင့်ပေးလိုက်သည်။

ကျွန်တော်လဲ သူငယ်ချင်းတစ်ယောက်က သူ အလုပ်လုပ်​​နေတဲ့ဆိုင်မှာ လူလိုနေကြောင်း ပြောသဖြင့် သူလည်းအဲ့ဒီမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်
လိုက်သည်။ ကျွန်တော်အလုပ်လုပ်ရသည့်ဆိုင် က Bar တစ်ခုတွင်ဖြစ်ပြီး လစာလည်းကောင်း
သည်။ အိမ်အ​ပြန်တွင်လည်း သူငယ်ချင်း နှစ်ယောက်အတူပြန်ကြသည်။

သူတို့နှစ်ယောက်လုံး ကျောင်းသားအရွယ်များ ဖြစ်သော်လည်း သူတို့အခက်အခဲများကိုကြား
ပြီး ဆိုင်တာဝန်ခံမှ သနားကာ အလုပ်ပေးထား ခြင်းဖြစ်သည်။ ဆိုင်မှ အတူတူအလုပ် လုပ်တဲ့ အကို အမတွေအပြင် ဆိုင်တာဝန်ခံပါမကျန် သူ့အားချစ်ကြသည်။

ဒီလိုနဲ့ ကျွန်တော် ဒီဆိုင်လေးမှာ နေသားကျပြီး ပျော်ရွှင်လာခဲ့သည်။ အိမ်မက်ဆိုးများနဲ့ ညတစ်ညမရောက်ခင်အချိန်ထိပေါ့။ ကျွန်တော်အရမ်း ကိုမုန်းသည်။ အဲ့ဒီညကိုပြန်တွေးမိသည့်အချိန် တိုင်းတွင် ကျွန်တော်ရဲ့ သေချင်သည့်စိတ်တွေ
ဖြစ်ပေါ်လာသည်။ ဒါပေမယ့် ကျွန်တော့်ရဲ့အမေကို တွေးပြီးသာ အဲ့ဒီစိတ်တွေကိုချိုးနှိမ်ခဲ့ရသည်။

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Where stories live. Discover now