Part - 9

358 15 0
                                    

Unicode

ဒီအချိန် ကျွန်တော် ဘာမှမစားချင်တော့ပေ။ အိမ်ငို့သာ ပြန်ချင်နေတော့သည်။ ကိုကြီးနှင့် အစ်မ နေနီတို့ကို တွဲပြီးမြင်နေရသည်မှာ အဆင်ပြေ မနေပေ။

ထိုအချိန် ဝဠာလည်း ရှေ့ရှိကောင်လေးအား ကြည့်လိုက်စဉ် ညှိုးငယ်နေသော မျက်နှာလေးအား တွေ့လိုက်ရသဖြင့် သူလည်း အနားသို့သွားလိုက်သည်။

" ကြယ်လေး "

သူ့လက်အားဆုပ်ကိုင်ကာ လေသံတိုးလေးဖြင့် မေးလာသည့် ကိုကြီးကြောင့် ဝမ်းသာမိသည်။

" ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး ​ကိုကြီး "

" ဒါဆို ဘာမှ ဂရုစိုက်မနေနဲ့ စားစရာရှိတာသာ စား မင်းဗိုက်ပြည့်ဖို့က ပိုအရေးကြီးတယ် ကိုယ်ပြောတာ သဘောပေါက်တယ်ဟုတ် "

" ဟုတ်ကဲ့ ကိုကြီး "

ထိုအချိန်

" အဟမ်း ကို နေနီ့ကို ပုဇွန်အခွံလေးခွာပေးဦး "

" ငါမအားဘူးနေနီ မင်းဘာသာ ခွာစား မခွာတတ်ရင် မစားနဲ့ "

" ကိုကလည်း အရင်ကလည်း ခွာပေးနေကြကို "

" နေနီ ကိုယ်ပြောပြီးသားနော် မင်းနဲ့ကိုယ်နဲ့က ဘာမှမဆိုင်တော့ဘူးဆိုတာ မင်းနားလည်မယ်လို့ ထင်တယ် "

နေနီနီတစ်ယောက် ရှူးရှူးရှားရှားဖြစ်နေတော့သည်။

* ဒါတွေအားလုံး အဲ့အကောင်ကြောင့် *

" ကို နေနီလည်း ပြောပြီးသားဘဲ ကို့ကို လမ်းမခွဲပေးနိုင်ဘူးလို့ "

" တော်တော့နေနီ မင်းကို ဒီတစ်ခါတွေ့တာနောက်ဆုံးဖြစ်ပါစေ မင်းတစ်ခုခုလုပ်ဖို့ တွေးနေရင် နောက်ဆုတ်လိုက်တော့ ကြယ်လေးနဲ့ ငါ့ကလေး ငါ့မိသားစုကို ထိခိုက်ဖို့မကြိုးစားနဲ့ "

" ကို!! "

" ကြယ်လေး သွားရအောင် တစ်ခြားဆိုင်မှာ သွားစားရအောင် "

ဝဠာလည်းပြောပြီး ကြယ်လေးလက်အားဆွဲ၍ ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။ ကားပေါ် ရောက်သည့်အခါ ငိုနေသည့် ကောင်လေးအား သူ့ဘက်သို့လှည့်လိုက်ပြီး

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Where stories live. Discover now