Part - 10

352 15 0
                                    

Unicode

" ကလေးရေ ကိုကို ကုမ္ပဏီးသွားတော့မယ် "

" ဟုတ်ကဲ့ ကျွန်တော်လည်း လိုက်ချင်တယ် "

" ဟမ်း ကိုယ်နဲ့လိုက်ဖို့လား "

" အိမ်မှာတစ်ယောက်တည်း ပျင်းတယ် "

" ကိုယ်က ကလေးပင်ပန်းမှာစိုးလို့ပါ "

" လိုက်ချင်ပါတယ်ဆို "

ဒီကလေး အခုတလော အရမ်းဂျစ်လာသည်။ အရစ်လေးကိုဖြစ်နေသည်။ ပိုလဲချွဲလာသည်။ အရမ်းလည်းချစ်ဖို့ကောင်းလာသည်။ အဲ့တော့ ကျွန်တော်လဲပိုချစ်လာသည်။

" ကဲ လိုက်စေဗျာ "

" တစ်ကယ်ခေါ်မှာနော် တစ်ကယ်နော် "

ကျွန်တော်ခေါင်းငြိမ့်ကြလိုက်သည်နှင့် ချစ်စရာကောင်းအောင် ပြုံးပြနေတော့သည်။

ဒီလိုနှင့် ကျွန်တော်တို့ကုမ္ပဏီသို့ ထွက်လာခဲ့ကြသည်။ ကုမ္ပဏီသို့ရောက်သည်နှင့် ရုံးခန်းရှိရာ အထပ်သို့ တက်လာခဲ့ကြသည်။ ရုံးခန်းထဲ ရောက်သည်နှင့် ဗိုက်ပူကောင်လေးအား ဆိုဖာခုံတွင်ထိုင်စေပြီး

" ကလေး ဘာစားချင်လဲ "

" ဟင့်အင်း မစားချင်သေးဘူး ကိုကို "

" ဟုတ်ပါပြီး စားချင်တာရှိရင် အပြင်မှာရှိတဲ့ လူကိုဝယ်ခိုင်းလိုက်နော် ကိုကို စည်းဝေးသွားဦး မယ် "

" ဟုတ်ကဲ့ ကိုကို "

တိမ်ဝဠာယံလည်း ကြယ်လေးအား မှာစရာရှိ သည်များအားမှာပြီး အစည်းအဝေးခန်းသို့သာ ဦးတည်လိုက်သည်။

ကြယ်လေးတစ်ယောက်လည်း ထိုင်နေရင်းမှ ပျင်းလာသောကြောင့် အပြင်သို့ထွက်လာရာ အခန်းအပြင်၌ ကောင်လေးတစ်ယောက်အား တွေ့လိုက်ရသည်။ ထိုကောင်လေးမှ သူ့အား တွေ့သည်နှင့်

" အကိုလေး ဘာလိုလို့လဲ "

" မလိုပါဘူး ကျွန်တော်ပျင်းလာလို့ "

ကြယ်လေးပြောလိုက်သည်နှင့် ထိုကောင်လေးမှ စဥ်းစားနေဟန်ဖြင့် ခဏအကြာတွင်

" ဒါဆိုရင်လေ ကန်တင်း တစ်ခုခုသွား စားမလား ရုံးကိုလည်း လှည့်ကြည့်ရင်းနဲ့ အပျင်းပြေ တာပေါ့ အကိုလေး "

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Where stories live. Discover now