Part - 5

362 18 0
                                    

အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးပြီး ကျွန်တော်တို့ ၏ မင်္ဂလာသက်တမ်းလည်း ၂ လဆိုတဲ့အချိန် ကိုကျော်လွန်လာခဲ့ပြီးဖြစ်သည်။

ဒီနှစ်လအတွင်း မေမေကတော့ တရားစခန်း တွင်သာ တရားအားထုတ်နေပြီး ကျွန်တော်ကတော့ ကိုကြီးဝဠာတို့အိမ်တွင် မင်းသားလေး တစ်ပါးနှယ် အဖေနှင့်ကိုကြီးအပါအဝင် အိမ်ရှိလူများ
မှ ဂရုတစိုက်ချစ်ပေးနေကြသဖြင့်
အရင်ကလောက်ဒီအိမ်ပကီးနှင့် မစိမ်းတော
ပေ။

" ကြယ်လေးရေ "
" ဗျား ကိုကြီး "
" အဝတ်အစားလဲ ကိုကြီးတို့ အပြင်သွားရ
အောင် "
" ဟုတ် "

ကိုကြီးပြောသည့်အတိုင်း သူလည်း အဝတ်
အစားများလဲပြီး အိမ်အောက်သို့ ဆင်းလာခဲ့
သည်။

" ကိုကြီး ကျွန်တော်အဆင်သင့်ဖြစ်ပြီး "
ကျွန်တော်အောက်ထပ်ရောက်တော့ အဖေနှင့်
ကိုကြီးတို့စကားပြောနေကြသဖြင့် ကျွန်တော်ရောက်နေကြောင်းအသံပေးလိုက်သည်။

ကျွန်တော်အသံကြားသဖြင့် အဖေနှင့် ကိုကြီး
တို့လှည့်ကြည့်လာကြသည်။
" သားကြယ်လေး သားလိုချင်သမျှ ပစ္စည်း
တွေကို သားကိုကြီးကိုဝယ်ခိုင်း ကြားလား "
" ဟုတ်အဖေ ဟီးး "
ကိုကြီးနှင့် အဖေတို့အရှေ့ရောက်သည်နှင့် ကျွန်တော်ကလေးဆန်လာသည်။

*ဟီးးး ကိုယ်ဝန်ကြောင့်ပါလေ ဟုတ်တယ်
ကျွန်တော်ကလေးဆန်တာမဟုတ်ဘူး အထဲက
ပုကျိလေးက ကလေးဆန်တာ*

အဖေအားနှုတ်ဆက်ကာ ကိုကြီးဝဠာနှင့် အပြင်သို့ထွက်လာတော့သည်။
ကိုကြီးကို ကျွန်တော်စတွေ့တုန်းက အရမ်းကို
ကြောက်တာ နောက်တော့ ကိုကြီးကသဘော
အရမ်းကောင်းပြီး ကျွန်တော့်ကို အလိုလိုက် သည်။ ခုတော့ ကျွန်တော်အရမ်းပျော်နေပြီး ဖြစ်သည်။

ဒီအချိန်ကာလကြားထဲတွင် ကျွန်တော်မှာ ကိုကြီးနှင့်တွေ့တိုင် ရင်ဘတ်ထဲမှ အကောင်ပေါက်လေး မှာ လုံးဝကို အငြိမ်မနေပေ။ ကျွန်တော် ကိုကြီးကို
သဘောကျနေပြီးဆိုသည်မှာသေချာနေလေပြီး။

ကျွန်တော့အတွေးနှင့် ကျွန်တော်မှာတော့ ဟုတ်နေသည်။ ဘေးနားမှ ထိုင်နေသည့် ကိုကြီးအား မေ့နေပြီး အတွေးနှင့်ပျော်နေသည်။
* ကိုကြီးက ငါ့ကိုမရမ်းဂရုစိုက်တာဘဲ ကိုကြီး ရယ် ငါရယ် ပိကျိလေးရယ် တစ်သက်လုံး အတူနေရရင်ဘပျော်စရာကြီး ဟိဟိ *

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Where stories live. Discover now