{၇}

1.3K 158 1
                                    


ပုလ္လင်ထက် ကြေးနီရောင်၀တ်ရုံနဲ့ထည်ဝါနေသော ကလျာ။စိတ်အစဉ်က ညီလာခံသဘင်ထဲရှိမနေ။ကညာဘာတွေလုပ်နေမလဲ။ထိုစိတ်အစဉ်သာရှိသည်။ဒီပကလျာဒေဝီဟာ အချစ်ရူးတစ်ယောက်ဖြစ်နေပြီလား။အရူးလို့ခေါင်းစဉ်တပ်ရင် ရိုင်းနေမလား။အချစ်လွန်နေတာရောမဖြစ်နိုင်ဘူးလား။
ဟုတ်တယ်။အချစ်လွန်နေတာ။ရှင်ကညာပျိုဆိုတဲ့ မိန်းမပျိုအပေါ် အချစ်တွေလွန်နေတာ။ချစ်ဝေနာရှရှလေးကို ခပ်မြမြခံစားနေရတာ။

နာကျင်တာလို့လည်းမဆိုထိုက်ပြန်ဘူး။နာကျင်မှုဟာခါးသီးတယ်။ခါးသီးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ပျက်စီးနေတဲ့နှလုံးသား။ရှေ့ဆက်မတိုးဝံ့တော့တဲ့ ကြောက်ရွံ့မှု။မရေမရာအရှုံးပေးထားခြင်းတွေ။ဝေဒနာကြတော့ နာကျင်မှုနဲ့တူမနေပြန်ပါဘူး။

ခပ်ပါးပါးလေးခံစားမှုတစ်ခုဟာ ရီဝေဝေရှတတလေး။အင်းခံစားလို့ကောင်းတဲ့ခံစားချက်ပေါ့။ရှေ့ဆက်တိုးပြီး အရှုံးမပေးအနိုင်လိုချင်ခြင်းတွေမပါတဲ့ ပေးဆပ်ခြင်းအချို့ကို ကိုယ်စားပြုတဲ့ ပြယုဂ်တစ်ခု။ချစ်ခြင်းနဲ့တည်မှီးသော ဝေဒနာခပ်ရှရှလေး ကလျာခံစားနေရ၏။

"အရှင်....."

ခေါ်သံတစ်ခုနားထဲတိုး၀င်လာမှ လွင့်မျောနေတဲ့စိတ်တွေက ပုလ္လင်ထက်ပြန်လည်ရောက်ရှိလာသည်။

"ဆိုစမ်းဟဲ့ ဝိဒါ...."

"သာ၀တီပြည်က သံတမန်တွေမြို့ပြင်မှာရောက်နေပါတယ် အရှင်..."

"ဘာအရေးကြောင့်လဲ...."

"ဒါက...."နာခံတော်မှူးဝိဒါ ခေတ္တဆိတ်နေ၏။
ကမ္မဓညတိုင်းတုန်းက သာဓကရှိထားဖူး၍ စိုးရွံ့မိသည်။

"အရှင့်ကို သာ၀တီသားတော် ရူပပါဒီက ထိမ်မြားလိုခြင်းအတွက်....သံတ‌မန်စေလွှတ်လိုက်ခြင်းပါ.."

"ပြန်လွှတ်လိုက်....ဇဗ္ဗူဒီပပြည့်ရှင်က အလိုတော်မရှိဘူးလို့တစ်ခွန်းတည်းပြောလိုက်....ရာရာစစ ပုလ္လင်ထက်ထိုင်ပြီး တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ ပြည့်ရှင်မကို သင်းတို့ကသ၀န်လွှာကနေတစ်ဆင့်ထိမ်းမြားချင်နေတာ အောက်တန်းကျလိုက်ပါဘိ..ငြင်းဆန်တော်မူတယ်ဟေ့...."

ဒဏ္ဍာရီလာ ချစ်သောကညာWhere stories live. Discover now