အရှင်လို့ ခေါ်သံဟာ ယခုတော့လည်း ခါးသက်နေသည်။ဒီနာမ်စားတစ်ခုကို ကလျာနှစ်သက်မနေ။မတော်လို့ ခေါ်စေချင်မိသည်။"နေပြန်ကောင်းတဲ့အထိ ကလျာ့ အဆောင်မှာပဲ နေမယ်မလား ကညာ..."
"မသင့်တော်ကြောင်းပါ အရှင်...မိကညာ အပျိုတော် အဆောင်မှာပဲ နေပါရစေ...မိကညာဟာ ယခုထက်တိုင် အပြစ်သား တစ်ယောက်ဖြစ်နေဆဲမလား...အတိတ်တွေဟာ အတိတ်ပါပဲ...ဖမ်းဆုပ်မထားသင့်ကြောင်း အကျွန်သိတတ်ခဲ့ပါပြီ..အရှင်သင်ပေးလို့ တတ်မြောက်ခဲ့ပါပြီ..."
ကလျာကို ရွဲ့စောင်း၍ ပဲပြောနေသလား..စိတ်ရင်းထဲက ထွက်လာသည့်စကားလား မသိပေမဲ့ ထိုစကားလုံးတွေမှာ နာကျင်စေမှု အစွမ်းသတ္တိရှိသည်။
"ဘာလို့ ကညာ က အပြစ်သားလဲ...ကလျာ ကိုယ်တိုင် အကျဉ်းထောင်ထဲက လွတ်မြောက်စေခဲ့ပြီလေ ကညာရယ်...ဒီလိုတွေ မဆိုပါနဲ့..ကလျာ နာကျင်ရတယ်ကွယ်..."
"အပြစ်သား မဟုတ်တော့ရင်လည်း မွေးရပ်ကို ပြန်ခွင့်ပြုပါ အရှင်..အမိ ကိုလွမ်းလှပြီ...ပြီးတော့ ထီးရိပ်နန်းရိပ်နဲ့ အကျွန်အသားမကျလှလို့ ထပ်ပြီးထပ်ပြီး အမှားတွေပြုမိမှာ စိုးရွံ့ပါတယ်..."
"ကညာ!!!
အသံက ခပ်ဆတ်ဆတ်ပင်ထွက်သွားတော့သည်။သူကလိုက်၍ ကိုယ်က ပြေးလိုက်။ကိုယ်က ထပ်လိုက်၍ သူက ပြေးလိုက်နဲ့ ဒီချစ်ခြင်းတရား ဟာ မရပ်တန့်နိုင်သေး။
"တို့အနားမှာ နေစေချင်တယ်လေ...တို့အနားကထွက်သွားမှာ မလိုချင်ဘူးလေ..အလျော့ပေးနေလို့ ကမ်း တက်တက်လာတာ ဟင်...ပြောစမ်းပါ..တို့အလျော့ပေးနေလို့ ကမ်းတက်လာတာလားလို့..."
ကညာဟာ သက်ပြင်းတစ်ခုကို ချလိုက်ရင်းမျက်လုံးများဟာလည်း မှေးစင်းသွားသည်။ခေတ္တခဏ ငြိမ်သက်ရင်း စကားပြန်ဆိုပြန်သည်။
"အမိန့်တစ်ခုကို ကျိန်သေပေါက်နာခံရမဲ့ ဘ၀ တစ်ခုနဲ့ အကျွန်မနေလိုပါဘူး...သတ်ရင်တောင် သေရဲတဲ့အထိ စိတ်အစဉ်ကို ဆုံးဖြတ်ပြီးပြီမို့ အပြစ်သားလို သေဒဏ်ကျခံရမလား လွတ်လပ်တဲ့ ပြည်သူတစ်ယောက်လို ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရ မလား နှစ်မျိုးတည်းက အရှင့်စိတ်ကြိုက်ရွေးနိုင်ပါတယ်..."
![](https://img.wattpad.com/cover/289248367-288-k974849.jpg)
VOUS LISEZ
ဒဏ္ဍာရီလာ ချစ်သောကညာ
General Fictionသမိုင်းတစ်ခုမဟုတ်ခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုတည်ခဲ့၏။ပြည့်ရှင်မတစ်ယောက်ရဲ့ သမိုင်း၀င်ချစ်ခြင်းတစ်ခု နှစ်ပေါင်းများစွာရှည်ကြာခဲ့၏။