"မတော်....မတော်....."တိုးဖွဖွခေါ်သံတစ်ခုကြောင့် အိပ်နေရာမှလန့်နိုးလာတော့သည်။ရင်ထဲတဒိတ်ဒိတ်နဲ့မို့ ရင်ဘက်ကို လက်နှင်ဖိထားကာ စားပွဲပေါ်မှာအသင့်ရှိနေသော ရေခရားထဲမှ ရေကို ငှဲ့သောက်လိုက်သည်။နားရည်၀နေသော အသံတစ်ခုကဲ့သို့ ဖြစ်နေသော အိပ်မက်ထဲက အသံက ဘယ်သူက ဘယ်သူ့ကိုခေါ်နေတာလဲ။မေးခွန်းမေးနေပေမဲ့ အဖြေကိုတော့ မဖြေတတ်ပေ။
ဆက်အိပ်၍မရတော့သည်မို့ မနေ့ကမှ အသစ်ထွက်ထားသော ဆရာသိုးဆောင်းရဲ့ အကြင်သူသည်စာအုပ်ကို ကောက်ကိုင်လိုက်သည်။စာအုပ်သစ်ရနံ့က နှာဖျားကိုရောက်လာတော့ ယခင်နောက်ကျိနေတဲ့စိတ်တွေ ကြည်လင်သွားရသည်။ဟုတ်ပါသည်။လွန်း က စာအုပ်သစ်တွေရဲ့ရနံ့ကို သိပ်မြတ်နိုးသူတစ်ယောက်မဟုတ်လား။
"မိန်းမ....မျက်နှာက ဘယ်လိုဖြစ်ရတာတုန်း..."
ခင်၀င်းပ၏ အမေးကြောင့် လွန်းနန္ဒမောင် ငိုင်နေရာမှ သတိပြန်၀င်လာသည်။
"ညကအိပ်မပျော်တာနဲ့ စာအုပ်ထဖတ်လိုက်တာ....မနက်ကြတော့ မြင်တဲ့အတိုင်းပဲ..."
"ဒီတစ်ခေါက် ခရီးအတွက် ပြင်ဆင်ပြီးပြီလား..."
"ငါက ဘယ်သူမို့လို့လဲ..."
ခင်၀င်းပထံမှမျက်စောင်းတစ်ခုရောက်လာတော့၏။
xxx ပန်းပွင့်ရှိမှ ....ရနံ့ရတာမဟုတ်ဘူး....ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်.....နမ်းခွင့်တစ်ရှိုက် ရခိုက်မှာ ထာ၀ရအမြဲတည်.....နှလုံးသားမှာ စွဲမြဲစွာထုံယစ်....စွတ်ပျံ့နေ ချစ်သူသိလေ....xxx
အဝေးဆီမှ သဲ့သဲ့လေးပျံ့လွင့်လာသော သံစဉ်တစ်ခုကြောင့် လွန်း မှာထားသော အအေးကို ငုံ့သောက်လိုက်ရသည်။ရင်ထဲမှာ လွမ်းမောခြင်းဆိုသော ခံစားချက်တစ်ခုက စီးနင်း၀င်ရောက်လာခဲ့သည်မို့။အအေးကို ကုန်သည်အထိ ငုံ့သောက်ကာ သံစဉ်ကိုဆက်ပြီးနားစွင့်နေမိပြန်သည်။
xxx တွေ့ခွင့်ရမှ မင်းမျက်နှာ လဝန်း.......ကြည့်ခွင့်တစ်ခါ မြင်ခွင့်တလှည့်
......မင်းမရှိလည်း စွဲမြဲစွာ........ဘယ်လောက်ဝေးနေ.......မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ
......တွေ့လို့နေ ချစ်သူ သိလေ.....
ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင် .....အိမ်မက်မှာ အစဉ်အမြဲရှိ.....နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ
မြင်ယောင် စိတ်အစဉ် အိမ်မက်မှာရှိ.....xxxx
أنت تقرأ
ဒဏ္ဍာရီလာ ချစ်သောကညာ
قصص عامةသမိုင်းတစ်ခုမဟုတ်ခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုတည်ခဲ့၏။ပြည့်ရှင်မတစ်ယောက်ရဲ့ သမိုင်း၀င်ချစ်ခြင်းတစ်ခု နှစ်ပေါင်းများစွာရှည်ကြာခဲ့၏။