(၁)မွေးဖွားလာသည့်နှစ်သစ်ကူးည

1K 45 5
                                    

Unicode

နှစ်သစ်ကူးညရဲ့ လက ထိန်ထိန်သာနေခဲ့သည်။သာမာန်နှစ်သစ်ကူးညတွေနဲ့မတူ‌ေပ။လမ်းမထက်တွင် ခွေတစ်ကောင်ကြောင်တစ်မှီတောင်ရှိမနေ။လမ်းများ၊အိမ်များ၊အဆောက်အဦးများမှာ မီးပုံးများချိတ်ဆွဲထားချင်းမရှိ။မီးထွန်းထားခြင်းမရှိ။မှောင်မိုက်ခြင်းသာ ကြီးစိုးနေသည်။နှစ်သစ်ကူးပွဲတော်ဆိုသည်မှာ အဘယ်မည်နည်း။ဗြောက်အိုးဖောက်သံတွေအစား မြှားသံ ပေါက်ကွဲသံတွေကိုသားကြားနေရသည်။ရှီတိုင်းပြည်အတွင်းနေထိုင်သော တိုင်သူပြည်သားများသည် ကြောက်ရွံ့စိတ်ဖြင့်အိမ်တွင်း၌ ပုန်းအောင်းနေကြရသည်။

"မေမေ သားတို့မသေပါဘူးနော်..."

"တို့တွေရဲ့ ဧကရာဇ်က မေမေတို့ကို ကာကွယ်စောင့်ရှောက်မှာပါကွယ်။"

*_____*______*______*

တစ်ဖက်ဧကရာဇ်နန်းတော် မီးဖွားဆောင်တွင်....

"အား...အား..."

"မယ်မယ် အားတင်းထားနော် မယ်မယ် မွေးခါနီးပြီ...မယ်မယ်..."

"အား...အား..."

"အူဝဲ...အူဝဲ..."

ငိုသံဖြင့်အတူ ကလေးငယ်အား အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်။

"မွေးပြီ မယ်မယ် မွေး...အား...မကောင်ဆိုးဝါး...အား..."

အစေခံအမျိုးသမီးမှာ ကလေးငယ်၏ အသွင်အပြင်ကြောင့် ကြောက်လန့်တကြာ အော်ဟစ်လေတော့သည်။

*______*_______*________*

ညီလာခံ ခန်းမ

"အရှင်မင်းကြီး မြောက်ပိုင်းက စစ်ကူလိုကြောင်း ခိုစာပို့လာပါတယ်ဘုရား..."

"အရှင်မင်းကြီး စစ်သူကြီးလီရဲ့ ခံတပ်က ကျပါတယ်ဘုရား..."

"တောင်းပိုင်း လျိုတပ်က စားနပ်ရိက္ခာပျက်လိုပါတဲ့ဘုရား..."

"အရှင်မင်းကြီး...."

"အားလုံးတိတ်ကြစမ်း...ခင်ဗျားတို့တွေကိုယ်တော့်ကို သေအောင်သတ်နေကြတာလား.... ဘာလို့အဲ့လောက်ထိဆူပွက်နေရတာလဲ....."

လော်ဧရာဇ် မှာကိုက်ခဲနေတဲ့ သူ့ရဲခေါ့င်း‌ကြောင့် နာထင်အားပွတ်သပ်ရင်းဖြင့် ဒေါသတကြီးဆိုလာသည်။ရုတ်တရက်ညီလာခံ ခန်းမရဲ့တံခါးက ကျယ်လောင်စွာပွင့်လာကာ သံချပ်ကာဝတ် စစ်သည်တစ်ဦးက သုတ်ခြေတင်းပြေး‌ဝင် ခစားရင်းဖြင့်

My Emperor Ge Ge..Where stories live. Discover now