(၇)ပဋိပက္ခများစတင်ဖြစ်တည်ခြင်း(၃)

199 14 2
                                    

Unicode

သူရဲ့နေစဉ်ဘဝဟာ အလွန်ပင်ရိုးရှင်း‌ နေလှပေသည်။သိုသော်၎င်းကဲ့သို့ရိုးရိုးရှင်းရှင်းဖြတ်သန်းနေ၍ စာသောက်နေထိုင်ရေးအဆင်ပြေမည်မဟုတ်။အစိမ်းရောင်သစ်တောများထဲမှာ နေခဲ့ချိန်များကဲ့သို့ တစ်လလျှင်တစ်ခါမျှလောက် အနီးတစ်ဝိုက်ရွာငယ်လေးတွေစီကို ပုံတူပန်းချီထွက် ရောင်းရုံ‌ လောက်နှင့် စားဝတ်နေရေးဖူ‌လုံမည်မဟုတ်...ရှီကဲသို့သော နေရာဟာ စားရေးသောက်ရေး နေရေးထိုင်ရေးတို့အတွက် အစစအရာရာတန်ဖိုးမြင့်မားပေသည်။သူထံကျန်ရှိ‌ နေသောငွေပမာဏနှင့်သာဆို နောက်ထပ် တစ်လစာအတွက်ပင် အိမ်ငှားနိုင်တော့မည်မဟုတ်။နှစ်သစ်ကူးပွဲတော်ရက်ရောက်လျှင် ရှေးဖြစ်ဟောရန် စိတ်ကူးမိသည်။ရှေးဖြစ်ဟောအခငွေက သူအတွက်တော့ဖူလုံပေမည်။

ယွင်ရှီ ရောက်တက်ရာရာ အတွေးတို့အားခေါင်းထဲက ထုတ်လိုက်ကာ တံမြက်စည်းကြမ်းဖြင့် ကြွေကျနေသည့် သစ်ရွက်ခြောက်များအား ခပ်ကြမ်းကြမ်းလှဲထုတ်လိုက်သည်။

ရှောင်ဟွားက သစ်ရွက်ခြောက်ပုံအား အမှီးတရမ်းရမ်းဖြင့် စောင့်ကြည့်နေသည်မို့....

"သစ်ရွက်တွေကိုထပ်ပြီး ကစားဖို့မကြံနဲ့ ခုနက ပဲမင်းကြောင့်ပွသွားသစ်ရွက်တွေ ငါထပ်လှဲထားတာလေ နောက်တစ်ခါထပ်ပွသွားရင် ငါမင်းကို အပြစ်ပေးရလိမ့်မယ်...."

"........."

နီညို‌ရောင်သစ်ရွက်ခြောက်များကို ပြောင်စင်အောင်လှဲပြီးသွားသည့်အခါ သူ့၏နောက်ကျောပြင်ဟာ ချွေးစို့ကာ စိုရွှဲ၍နေလေပြီ.....အနားယူရန်သစ်သားကွပ်ပျစ်လေးပေါ်၌ခေတ္တထိုင်နေမိသည်။

‌‌ရှောင်ဟွားက သူ့ရဲ့ဆုတ်ဖွာဖွာအမြီးဖြူလေးအား ရမ်းခါရင်းသူထံပြေးလာသည်။

အနှီမြင်ကွင်းကိုမြင််တော့ ယွင်ရှီ ခေါင်းတရမ်းရမ်းဖြင့်ရယ်သွမ်းမိ၏။

"မင်းက တအားဆော့ တာပဲ...ရှောင်ပိုင်ကိုခေါ်ရင်တောင် မင်းလိုထိန်းရမှာမဟုတ်ဘူး...."
သူ‌ရှောင်ဟွားကို စနောက်နေရင်းမှ ခြံဝန်းထဲ၌ တစ်ပင်တည်းရှိနေသည့် မေပယ်ပင်အား သူမေ့ကြည့်မိသည်။

You've reached the end of published parts.

⏰ Last updated: Jul 19, 2022 ⏰

Add this story to your Library to get notified about new parts!

My Emperor Ge Ge..Where stories live. Discover now