(၂)နန်းတော်ရဲ့အပြင်ဘက်

268 26 11
                                    

Unicode

အရှိန်ဖြင့်တွန်းထုတ်ခံလိုက်ရသည့်အတွက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။အဖြူရောင် ဝတ်ရုံလေးက ရွှံ့များဖြင့် ညစ်ထေးသွားသည့်အပြင် ဒူးခေါင်းမှလည်း သွေးများစီးကျလာသည်။

နာကျင်မှုကြောင့် မျက်ရည်ဝဲမိသည်။ဘယ်အချိန်ထိနှိပ်စက်ခံနေရဦးမှာလဲ။သူအသားနာသည်ထက် နှလုံးသားကပို၍နာကျင်သည်။ယွင်ရှီမွေးဖွားသည့်အချိန်မှစ၍ သူ့ထံတွင် မင်းသားဟူသည့် အမည်ခံတစ်ခုသာရှိသည်။အာဏာမရှိပေ။သူဟာ အစေခံတစ်ယောက်ရဲ့ ရိုက်နှက်ခြင်းကိုတောင်ခံရသည်။

"လော်ယွင်ရှီ....မင်းကမကောင်းဆိုးဝါးတဲ့...မနေ့ကမယ်တော်ဆီကနေငါကြားခဲ့တယ်..."

ရှောင်ဆွေ့
အသက်-၁၄နှစ်
လက်ရှိ ရှီရဲ့အိမ်ရှေ့စံ

အိမ်ရှေ့စံက နန်းသွေးများထဲတွင်အဆိုးသွမ်းဆုံးပင်....မည်သူမျှ မဆုံးမနိုင်...မည်သူမျှမ ထိန်းသိမ်းနိုင်...

နန်းတွင်း အသိုင်းအဝိုင်းရှိ ကလေးများက‌ ရှောင်ဆွေ့ကိုကြောက်ကြသည်။သို့သော်ညား ရှောင်ဆွေ့သည်သာ ကလေးငယ်များအကြားအာဏအရှိဆုံးဖြစ်သည်။‌ ရှောင်ဆွေ့ကိုသာဖားနိုင်လျှင် အရာအားလုံးကသာသာယာယာရှိနိုင်ပေသည်။ထို့ကြောင့်ကိုယ်လုပ်တော်များ၏သားများ၊အကြံပေးအရာရှိကြီးများ၏ သားများသည် ရှောင်ဆွေ့၏ အနား၌သာဝန်းရံလျက်ရှိသည်။ရှောင်ဆွေ့ ဘယ်သွားသွား ထိုကလေးတစ်သိုက်က ပါစမြဲ။

အမှန်တကယ်အားဖြင့် ရှောင်ဆွေ့က အိမ်ရှေ့စံတစ်ယောက် ဖြစ်မလာနိုင်။‌ ရှောင်ဆွေ့၏ အမေမှာ ကြင်ယာတော်တစ်ပါးသာဖြစ်သည်။အိမ်ရှေ့စံအရာ သည် ယွင်ရှီ၏နေရာသာဖြစ်သည်။မိဖုရားခေါင်ကြီး၏ သားတော်ဖြစ်သော်ညား...မွေးရာပါ အသွင်အပြင်လက္ခဏာများကြောင့် မကောင်းဆိုးဝါးဟုသတ်မှတ်ခံရသည်။မကောင်းဆိုးဝါးက ကပ်ဆိုးဆောင်ကြဉ်းသည်။တကယ်လို့ သူ့ကိုသာ ထီးနန်းအပ်လျှင် ရှီကို ကပ်ဆိုးကျရောက်လိမ့်မည်။အနှီ ရူးကြောင်ကြောင်အတွေးတွေက ပြည်သူလူထုထံတွင်မက အမြော်အမြင်ကြီးမားလှပါပြီဆိုသော အကြံပေးများနှင့် ဘုရင်ထံတွင်တောင်ရှိနေ၏။

My Emperor Ge Ge..Where stories live. Discover now