Unicode
"ဖေးယွီ.....ချန်ဖေးယွီ....မင်းအဲ့ပေါ်ကနေဆင်းခဲ့စမ်း....မင်းကိုရှစ်ဖူခေါ်နေတယ်....."
ကြိမ်းစက်လှသည့်နေရောင်ကြောင့် အိပ်ရေးပျက်သည့် ကြားထဲမှ ခေါ်သံကြောင်ဆက်အိပ်၍ပင်မရတော့။သို့သော် သစ်ပင်ပေါ်မှမဆင်းချင်သေး.....
"ဖေးယွီ ဆင်းခဲ့စမ်း.....မင်းကို မက်မွန်းပင်ပေါ်တက်မအိပ်ဖို့ ရှစ်ဖူပြောထားတယ်လေ အဲ့ဒီ့မက်မွန်းပင်ကို အကြီးအကဲလီပိုင်တာ မင်းပြဿနာမရှာစမ်းနဲ့...."
"ငါလူး....မင်းတော်တော် ပါးစိပါးစပ်များတဲ့ကောင်ပဲ့....မင်းဘိုးအေငါက နားကန်နေတာမဟုတ်ဘူး....သေအောင်တွေအော်မနေနဲ့....."
ဖေးယွီ နားပူလာတာကြောင့် မက်မွန်းပင်ပေါ်မှ ခုန်ဆင်းလာခဲ့သည်။
"မင်းကိုငါခေါ်နေတာ ကြာပြီ....မင်းမှမဆင်းလာတာ..."
"ဆရာတူအစ်ကိုဖန် ချန်ကောကို မနှိုးပါနဲ့ မနေ့က စမ်းသပ်ပွဲမှာ တစ်ညလုံးပြိုင်ခဲ့ရတာ ပင်ပန်းလို့နေမှာပါ..."
"အားလီ နင်ဘာလို့ သူဘက်ကနေလိုက်ပြောနေတာလဲ....စမ်းသပ်ပွဲက သူတစ်ယောက်တည်းပြိုင်ရတာမဟုတ်ဘူး....ငါလည်းပါတယ်...."
မိန်းမပျိုလေးက သူမရဲ့ဖန်ရှစ်ရှုန်းပြောလိုက်သည့်စကားကြောင့် ရှက်သွေးဖျာသွားခဲ့သည်။
ဖေးယွီက သူတို့နှစ်ယောက်ရဲ့စကားဝိုင်းကိုလျစ်လျူရှုကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။သို့သော်...
"ဆရာတူအစ်ကိုချန်....အားလီလေ ချန်ကောအတွက် ပုစွန်လုံးဖက်ထုပ်တွေလုပ်ထားတယ်....ခုချိန်ထိပူနေသေးတုန်းပဲ....ချန်ကောလာစားပါလား..."
"တော်ပြီ....ကျေးဇူးပဲအားလီ...ရှစ်ဖူနဲတွေ့ပြီးရင် မနက်ဖြန် အိမ်ပြန်ဖို့စီစဉ်ရဦးမှာ.....သွားနှင့်ပြီ...."
မိန်းမပျိုလေးက စိတ်မကောင်းဖြစ်သွားခဲ့သည်။အားလီက ပုစွန်လုံးဖက်ထုပ်များကို ဆရာတူအစ်ကိုချန်အား ကျွေးရင်း လာမည့်နှစ်သစ်ကူးည၌ သူနှင့်အတူလျှောက်လည်ပေးရန် တောင်းဆိုချင်ခဲ့သည်။
သို့သော်ညား ဆရာတူအစ်ကိုက နှစ်သစ်ကူမတိုင်မီ ပြန်တော့မည်ဖြစ်သည်။