ရန်သူ အပိုင်း။၂၄။

8.6K 943 847
                                    

မွစာကြဲနေသောအခန်း၊
တစစီဖြစ်နေသောပျက်စီးယို့ယွင်း
နေသောအသုံးဆောင်ပစ္စည်များသည်
မုန်တိုင်းဒဏ်သင့်ခဲ့သောနယ်​မြေဧရိယာအတိုင်းသာ......

အိပ်ယာကိုကြည့်ပြန်တော့လည်း
အောက်အိပ်ယာခင်းကအစအပေါ်သို့
လှန်တက်ခေါင်းအုံးတွေသည်လည်း
အောက်ရောက်တဲ့ဟာကရောက်နဲ့
အိပ်စက်ရာနေရာသည်လည်း
ဖွတ်ဖွတ်ညက်ညက်ကြေလို့နေခဲ့သည်....။

လူစိတ်ပျောက်စွာဘယ်လိုတောင်
ရမ်းလိုက်လည်းတော့မသိ
အခန်းထဲကဘယ်အရာကမှ
အကောင်းတိုင်းရှိမနေတော့ပါ

အားလုံးကိုဖျက်စီးခဲ့သောလူကြမ်းဟာ
အခုတော့သူမဟုတ်သလိုအဝတ်မဲ့နေသောကိုယ်အားစောင်ခြုံရင်းအသက်ရူနှုန်းမှန်မှန်နဲ့အိပ်စက်လို့နေခဲ့သည်.....

"အင့်....အ့....ချမ်း..ချမ်းတယ်"

တိတ်ဆိတ်နေသောအခန်း၏
အေးစက်မူ့သည်တော်တော်လေး
ပြင်းလွန်းလှတာမို့နှင်းနီဥလေးဟာ
ခံနိုင်စွာမရှိစွာစောင်ထဲလုံးထွေးရင်း
အသိမဲ့ ညဥ်းညူနေမိခဲ့သည်...

သူအရမ်းပင်ပန်းထားတာမို့
မျက်လုံးကလုံးဝဖွင့်မနိုင်
ဒီကြားထဲအေးလွန်းတော့
သူယောင်နစွာနုတ်ကချမ်းသည်ဟုပြောနေမိသည်။

သူဒီလိုခပ်စစညဥ်းတွားနေတော့
လူကြမ်းဟာနားပါးသူပီပီနိုးလို့လာခဲ့သည်
လက်ထဲကနာရီကိုကြည့်တော့
ညနေတောင်စောင်းတော့မယ်

သူတို့အိပ်ပျော်နေတာသုံးနာရီလောက်ရှိခဲ့ပြီ...

ဘေးကိုကြည့်လိုက်တော့
စောင်တွေကြားထဲချမ်းတယ်ဟုပြောနေတဲ့
ထိုလူ...

ကျစ်
15 လောက်ပဲထားထားတာကို
ဘာလို့သေမလိုချမ်းပြနေရတာလဲ..
ကိုယ်ကတော့အပေါ်ဝတ်မပါပဲ
ရင်ဟောင်းလောင်းနဲ့အိပ်နေတာ
ဘာမှမဖြစ်ရ သူကကြစောင်ကြီးခြုံပြီး
ချမ်းနေတာငါမပြောလိုက်ချင်ဘူး...

ACတော့မလျှော့ပေးနိုင်ဘူး
ကျုပ်ကဒီလောက်မှမအေးရင်မအိပ်တတ်ဘူး...

ဒီအတိုင်းထားမယ်ထိုသို့ပြောကာ
ပြန်အိပ်ဖို့လုပ်နေပြန်သူ...

နှင်းနီဥဟာလည်းအေးလွန်းတော့
သူအသံလေးတွေကတိတ်မသွားသေး.....

ရန်သူ OC ver S1"Completed"Where stories live. Discover now