ရန်သူ အပိုင်း။၂၆။

8.5K 894 581
                                    

"ကျစ်!!! ငါမဝင်ချင်ဘူးငါသိနေတယ်
ဒီအိမ်ထဲမှာဘယ်လိုအနေထားရှိနေမလဲကို
ငါသိနေတယ်..သူတို့ထွက်လာမှထွက်လာပါစေပေါ့
အခုကငါသိနေတယ်..
စောက်သန့်စင်မိုး....
သူဒီအတွဲအကြောင်းမသိတိုင်း
ငါ့ကိုကုတင်ပေါ်က Live
ပေးကြည့်ချင်နေတာလား ဟင်းးး...."

ယူကလစ်တောထဲက ၂ယောက်ထဲရှိနေတဲ့
အိမ်ကို...သန့်စင်မိုးကရှိန်ကို
လူလွတ်ကြိုခိုင်းရုံသာမက
ဝင်နိုးပြီးပါခေါ်ခိုင်းသဖြင့်
ရှိန်တယောက်ညစ်နေပြီ......

ဒီလင်မယားနားနေရတာအရှက်လည်းကုန်တယ်
မာယာမီကအတွေ့ကြုံတွေက
မဝင်သင့်ဘူးဆိုတာကိုသိပေမယ့်
သန့်စင်မိုးကဟိုကောင့်​အနာက
ဆေးထည့်ဖို့လိုတယ်ဝင်ခေါ်ဆိုပြီး
နားပူလွန်းလို့သာသစ်သာအိမ်ထဲဝင်လာတာ
တစ်အိမ်လုံးကတိတ်ဆိတ်!!.....

သို့သော်အပေါ်တထပ်ရှိသေးတာမို့
အပေါ်ထပ်သို့လှေကားခြေရင်းကိုပဲ
အခြေချရသေးတယ်မီးအိမ်တွေရေဗူးတွေစမြင်နေရပြီညကယူကလစ်တောထဲအပေါ်ထပ်တခန်းထဲကွက်မုန်တိုင်းဝင်သွားတာလား....

တလှမ်းတတ်လာလိုက်တိုင်းတစ်ခါ
ဖရိုဖရဲတွေကိုမြင်နေရတာမို့သူအရွဲ့တွေတွေးလာမိပြန်သည်....

အပေါ်ဆုံးလှေကားပေါ်ခြေချပြီးတဲ့အခါ...

"ဒါပေါ့ ဘယ်သူရှိရမလဲငါပဲဟာ...
ငါတွေးရင်ဘယ်နစ်ခါမှားခဲ့ဖူးလို့လဲ...
ဟင်း...အိပ်နေလိုက်ကြတာများညကတော်တော်
အူရွင်ထားကြပုံပဲ...အိပ်ယာခင်းတွေလည်းမရှိ....ဟိုကောင်ကြီးကဒီလောက်လက်တဖက်နာနေတာတောင်သူ့လူကိုနောက်လက်တဖက်ပေါ်ပွေ့အိပ်ထားတာပဲ..အော်အော်...အရမ်းမုန်းနေတယ်ပြောတာတကယ်အမှန်ပါပဲလား.....အရမ်းမုန်းနေတာပဲ....ငါနော်!!...."

အိပ်ယာပေါ်အခုထိအိပ်စက်နေသော
ထိုအတွဲအားစေ့စေ့စပ်စပ်ကြည့်ကာမဲ့ရွဲ့နေသူ.....
တော်သေးတာပေါ့အဝတ်စားတွေတော့ပါသေးလို့..
....
အအိပ်စက်သောအာဏာကတော့
သူရောက်ပြီးခဏအကြာနိုးလာခဲ့သည်

"ဟေ့ကောင် မင်းဘာလာလုပ်တာလဲ ..."

"အော်မေးတတ်တယ်နော်...ငါကဒီကိုအပျော်လာတယ်များထင်နေတာလား!!..."

ရန်သူ OC ver S1"Completed"Where stories live. Discover now