အပိုင်း။၄၆။

3.4K 365 145
                                    

အိပ်ခန်းထဲကနေတပတ်တထည်သာပတ်ပြီး
ထွက်လာတဲ့လူကြမ်း

သူအခုလပေါင်းများစွာလွမ်းနေရသူနဲ့
နှီးနှောတွယ်နှောင်ပြီးပြန်ထွက်လာရချိန်
သူ့စိတ်တွေဟာအရမ်းကိုလန်းနေခဲ့ပြီ။

ထိလိုက်တိုင်းညိလိုက်တိုင်း
ရူးခါမတတ်ကောင်းလွန်းလှတဲ့နှင်းနီဥရဲ့
အသွေးသားကိုစားသုံးအပြီးရေချိုးခန်းကထွက်လာသူ

နှင်းနီဥကတော့အိပ်ယာပေါ်မောပန်းစွာ
အိပ်မောကျလို့....

ကိုက်ရာဗရပွနဲ့အသိမဲ့စွာအိပ်နေသူ၏
နဖူးပြည့်ပြည့်လေးအားအနမ်းပေးရင်း
သူ့သားအိပ်နေသောရှေ့ဧည့်ခန်းဆီသွားလို့နေခဲ့သည်။

မိုင်လိုကတော့ခလေးနားအိပ်စောင့်နေခဲ့သည်။

အခုကခလေးကိုချော့ကြည့်ဖို့။

သဲတုန်ဟာသူ့ကိုစိတ်အကြီးကြီဆိုးနေတာလေ
မဟုတ်ပါလား
သုံးနစ်ပတ်ချာလည် လေးက
သူ့ကိုစိတ်ဆိုးနေတာဆိုကရီစရာတစ်ခုတော့မဟုတ်ခဲ့။

ဟိုလူအထိန်းကောင်းလို့သာ ဝတုတ်လေးဖြစ်နေတာ မဟုတ်ရင်ဒီခလေးကိုယ့်ကိုလွမ်းနာကျပြီး
ပိန်နေမယ့်အဖြစ်။

ကိုယ်ကလည်းဖုံးကွယ်ထားချင်တဲ့
ကိစ္စတွေကြောင့်သာအခုလိုထွက်သွားရတာ
တကယ်ဆို ဒီခလေးနဲ့ဒီလူကိုအနား
စက္ကန့်ပိုင်းခြားပြီးရင်တောင်မနေချင်။

ဟိုမှာနေပြီး​ခြေထောက်အတွက်ကုသနေရင်းတောင်
ပြန်ပြေးချင်လာတာကခဏခဏဖြစ်ခဲ့ရတာပဲ။

ခဏနေရင်နိုးလာတော့မယ် အခုတော့
အိပ်ပျော်နေဆဲ
သားကိုပွေ့ကာဝါရံတာဘက်ကခုံမှာထိုင်ရင်း
သူ့သား၏မျက်နာကိုမြတ်မြတ်နိုးနိုးနမ်းနေသူ။

သူတလောကလုံးကိုသာအနိုင်ရချင်ရမယ်၊
သူ့သားငယ်ကိူတော့သူသေးသေးလေးအစ
အလျှော့ပေးရသည်။

"ဟင့် နမ်းနဲ့ ထော်ဝူး နမ်းနဲ့.

"နမ်းမှာပဲကွာ မရဘူး မင်းကိုငါမွေးထားတာမို့
နမ်းမှာပဲ"

"ဟုတ်ဝူး ဘဘားမွေးထားတာ"

"ဘယ်ကသာငါမွေးထားတာ
အဲ့ဒီအပုကမင်းကိုမွေးထားတာမဟုတ်ဘူး
..ဘယ်သူပြောလဲ သူကမင်းကိုမွေးထားတာလို့"

ရန်သူ OC ver S1"Completed"Where stories live. Discover now