27

14K 2.3K 89
                                    

{Unicode}

"သူ့သွေးကိုစစ်ပေး"

ယဲ့ထင်၏ မျက်ဝန်းများသည် ရုတ်တရက်ဆိုသလို မဲမှောင်သွားသည်။

သူသည် လေသံကို နှိမ့်လိုက်ပြီး တစ်ဖက်မှ နျဲ့ယွင်အား ပြန်မေးလိုက်သည်။

"သူ ဘာတစ်ခွန်းမှကို ပြန်မပြောတာလား"

နျဲ့ယွင်သည် နှိုင်းနှိုင်းဆဆနှင့် ဂရုတစိုက် ပြန်ဖြေသည်။

"သူနဲ့ အဲ့တခြားအဖွဲ့ဝင် နှစ်ယောက်က စင်္ကြန်လမ်းမှာ ထိုင်နေကြတာ၊ သူတို့အစမ်းလေ့ကျင့်တော့ လူတော်တော်များများက လာလှောင်ကြတယ်လေ။ ပြီးတော့ သူတို့ကို ဂုဏ်သိက္ခာကျစေမယ့် စကားတွေလည်း ပြောသွားကြတယ်။ အဲ့ဟိုအဖွဲ့ဝင်နှစ်ယောက်ကတော့ မကျေမနပ်ဖြစ်ပြီး တုံ့ပြန်တာမျိုး ရှိသေးတယ်။ ဒါပေမဲ့ သူကတော့....."

နျဲ့ယွင်မှာ စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွားပြီး လေသံက ပိုပျော့သွားကာ

"သူက အဲ့မှာပဲ ထိုင်နေပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ ထမင်းဘူး ဖွင့်စားနေတာ၊ ဘာစကားမှလည်း မပြောဘူး။ သူများတွေ ဘယ်လိုပဲ လှောင်လှောင် ဘာမှလည်း မတုံ့ပြန်ဘူး။ ဘာမှမကြားရတဲ့ အတိုင်းပဲ"

ဖုန်းချပြီးသောအခါ ယဲ့ထင်သည် သူဌေးကုလားထိုင်ကို မှီလိုက်ပြီး မျက်ခုံးတန်းမှာ တော်တော်နှင့် ပြေလျော့မသွားပေ။

သူ့အပေါ်မှာ ရန်ကျားလိက တစ်ခုခုကို ဖုံးကွယ်ထားမှန်း ဝမ်းတွင်းအသိစိတ်အရ အလိုလို ခန့်မှန်းမိသွားသည်။

ညနေအလုပ်ဆင်းသောအခါ ယဲ့ထင်သည် ညစာစားပွဲ အစီအစဥ် အားလုံးကို ဖျက်ပစ်လိုက်ပြီး ကားမောင်းကာ အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။

အိမ်တံခါးကို တွန်းဖွင့်လိုက်သောအခါ ဧည့်ခန်းထဲတွင် ရန်ကျားလိ၏ အရိပ်အယောင်ကို မမြင်ရသည်နှင့် ယဲ့ထင်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားပြီး အနည်းငယ် မပျော်မရွှင် ဖြစ်သွားသလိုပင်။

သူသည် ရှေးဦးစွာ ပါတီဘက်မှ တာဝန်ရှိသူကို ဆက်သွယ်လိုက်သည်။ တစ်ဖက်မှ အစမ်းလေ့ကျင့်မှုမှာ အစောကတည်းက ပြီးဆုံးသွားခဲ့ပြီးဖြစ်ကြောင်း၊ တေးသရုပ်ဖော်များနှင့် အဖွဲ့သားများသည်လည်း ဖျော်ဖြေရေးစင်တာမှ ထွက်ခွာသွားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ပြောပြခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now