ep (31)

4.1K 365 20
                                    

"သားတို့သေချာဆုံးဖြတ်ပြီးပြီလား"

"ဟုတ်ကဲ့ဖေဖေ သားအများကြီးစဥ်းစားပြီးပါပြီ"

ဟုတ်သည်၊ ရွှေမြတ်ထန်းကို လက်ထပ်ဖို့တွက် အများကြီးစဥ်းစားပြီးပြီဖြစ်သည်။ ရွှေမြတ်ရဲ့ဘ၀မှာထန်းကလိုအပ်နေတော့ ဘာတွေအများကြီးထပ်စဥ်းစားရဦးမလည်း၊ ထန်းသာအလိုရှိတယ်ဆို ရွှေမြတ်တက်နိုင်တာဘာမဆိုပေးဖို့အသင့်။


"ကျွန်တော်စကားတွေအများကြီး နားထောင်ကောင်းအောင်မပြောတော့ပါဘူး၊ ဆရာစိတ်ချပါ ကျွန်တော်ကိုကြီးကိုအကောင်းဆုံးစောင့်ရှောက်မှာပါ"

ထန်းဖွင့်ဟမိတော့ ဆရာကခေါင်းတငြိမ့်
ငြိမ့်၊

"ဖေဖေပြောချင်တာကတော့ သားနဲ့ထန်းကခုလိုဆုံးဖြတ်ချက်ကိုချပြီးအကောင်ထည်ဖော်တော့မယ်ဆိုရင် ဖေဖေတားဖို့အစီစဥ်မရှိပါဘူး၊ လျှောက်ပြီးသားလမ်းကိုတော့ပြန်မလှည့်ကြနဲ့ပေါ့ကွာ"

"ဟုတ်ဖေဖေ"

ထန်းမြတ်နိုးရာလေးကို လှည့်ကြည့်လိုက်တော့ ထန်းကိုကြည့်နေတဲ့မျက်၀န်းလှလှလေးတစ်စုံ။ နှစ်ယောက်လုံးရဲ့ဆန္ဒတွေကထပ်တူကျခဲ့ပြီ၊ ထန်းဒီလူသားလေးကိုပိုင်ဆိုင်ရတော့မယ်ဆိုတဲ့အတွေးနဲ့တင် အခါခါသေပါသည်။


နှစ်ယောက်သားမျက်လုံးချင်းဆုံမိတော့ ပါးမို့မို့လေးနှစ်ဖက်က ပန်းရောင်ယှက်ပြေးပြီး မျက်လွှာချသွားတဲ့အခါ မြင်နေရတဲ့မျက်တောင်စိပ်စိပ်လေးကအစ ကဗျာဆန်နေတာမျိုး၊ လက်ကလေးနှစ်ဖက်ကလည်းပွတ်သပ်နေကာ ရှက်ရဲရဲမျက်နှာလေးက ထန်းအတွက်မြတ်နိုးတာထပ်ပိုရပါသည်။ စကားလုံးတွေဟာ ရှာမတွေ့နိုင်တော့။

"အဟမ်း!!!"

ဦးထင်မြတ်အမြင်ကပ်ကပ်နဲ့ ချောင်းကိုအကျယ်ကြီးဟန့်လိုက်သည်။ ထန်းကဘာမှမဖြစ်ပေမယ့်သားမြတ်ကတော့ကိုယ်လေးတောင်တုန်တက်သွားသည်။ အဖေရှေ့လာပြီး အကြည်လာစိုက်နေတာ။

"အဲ့တော့သားတို့ဘယ်လိုစီစဥ်ထားလည်း မင်္ဂလာပွဲအတွက်"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now