final (2) zg

2.3K 78 0
                                    

"ပါပါး ဒီမှာဖားတေးတေးလေး"

"လွှတ်ပေးလိုက်သားသား လိုက်လျှောက်မကိုင်ရဘူး"

"အချစ် ဒါဘာကောင်လေးလဲ"

"ထန်းမင်း! လွှတ်ပေးလိုက်စမ်းယားနာတြွေဖစ်တက်တယ်၊ ခုချ! အဲ့ဒါခူကောင်ကြီး"

ရွှေမြတ်ပြောလိုက်တော့ ထန်းကသူ့လက်ထဲကခူစိမ်းကောင်ကို အလျင်အမြန်လွှတ်ချသည်။တကယ်တကယ် ရွှေမြတ်မူးပါလဲချင်နေပြီ။ ရွှေမြတ်တို့အရင်ကစွန်လွှတ်နေကြနေရာလေးကိုသားသားကိုပါခေါ်ပြီးလာကြတာဖြစ်သည်။ မျောက်နှစ်ကောင်ထိန်းရင်တောင်မှဒီ့ထက်သက်သာဉီးမယ်။

"သားသားဟိုမှာမင်းသူငယ်ချင်းမလား"

ရွှေမြတ် သူ့ဖေဖေနဲ့ပန်းတွေလိုက်ကြည့်နေတဲ့သားကိုလှမ်းပြောလိုက်သည်။ တကယ်လည်းရွှေမြတ်သားတို့ကျောင်းမှာတွေ့ခဲ့တဲ့ကလေးလေး။ သူ့အဖေနဲ့လာတာဖြစ်မည်၊ ရဲပြည့်ရှိန်းလွင်ဆိုတဲ့ကလေးလေးရဲ့ဘေးမှာအသက်၅၀အရွယ်ဉီးရဲပြည့်က အငယ်ဆုံးသမီးလေးကိုချီပြီးရပ်နေသည်။

"ဟေး!!! အထင်"

လက်တွေရမ်းခါပြပြီး ရွှေမြတ်တို့ဘက်ကိုတစ်ယောက်ထဲအပြေးလာနေတဲ့ကလေးလေး၊ သားသားကိုကြည့်လိုက်တော့ မတုန်မလှုပ်။ သားသားကိုကြည့်ရတာသူငယ်ချင်းမလိုချင်ဘူးဖြစ်မယ်၊ လုံးဝထိုကလေးကိုဂရုမစိုက်တဲ့ပုံစံမျိုး။ ဒါကိုတော့ရွှေမြတ်ဆုံးမမှရတော့မည်၊ အနေအေးတာရွှေမြတ်သဘောကျပေမယ့် လူမှုရေးခေါင်းပါးတဲ့ပုံစံမျိုးတော့လက်မခံနိုင်။

"သားသား သွားလိုက်လေသူငယ်ချင်းကနှုတ်ဆက်နေတာကို"

ထန်းအနားမှာတောက်တဲ့လေးလိုကပ်နေတဲ့ပုစိကိုရွှေမြတ်ပြောမိသည်။ ထိုကလေးဒီဘက်လာတာကို သူ့အဖေနဲ့ကွယ်ပြီးနေတာကဟိုကလေးမမြင်အောင်ပုန်းနေသလိုမျိုး။

"ဟင့် အင်း~"

"ဘာလို့လဲ သားသားကသူငယ်ချင်းကိုဒီလိုဆက်ဆံတာပါပါးမကြိုက်ဖူးနော်"

ထန်းရင်ခွင်ထဲအတင်းတိုးဝင်နေတဲ့သားရဲ့အဝါရောင် ဂွမ်းအနွေးထည်အင်္ကျီစလေးကိုဆွဲပြီးရွှေမြတ်အရှေ့ကိုပို့၍သားကိုပြောလိုက်သည်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now