29

14.6K 2.2K 73
                                    

{Unicode}

"ရုန်းထွက်၍ မရလေသော ထောင်ချောက်ဆင်ခြင်း"

ရန်ကျားလိ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို တုန်တက်သွားသည်။

မှောင်မိုက်နေသော ညနက်ထဲတွင် နောက်ကျောဘက်ဆီမှ ရေခဲရေနှင့် အချိုးကျ ရောစပ်ထားသည်ဟု ထင်ရသော လေသံက ပြတ်ပြတ်သားသား ဟိန်းထွက်လာသည်။

"ဘာစားနေတာလဲ"

ပုလင်းအဖုံးကို ဖွင့်နေသော ရန်ကျားလိ၏ လက်မှာ ခဏတွင်းချင်း ရပ်တန့်သွားတော့သည်။

ယဲ့ထင်၏ ခြေလှမ်းများသည် တဖြည်းဖြည်းနှင့် နီးကပ်လာသည်။

ရန်ကျားလိက မူလနေရာ၌သာ ထိုင်လျက်ရှိနေပြီး ခေါင်းလှည့်မကြည့်လျှင်ပင် နောက်ကွယ်မှ လျှို့ဝှက်နက်နဲပြီး လောင်မြိုက်နေသည့် အကြည့်များကို ခံစားမိနိုင်သည်။

ယဲ့ထင်သည် ဘီရိုအရှေ့တွင် ဒူးထောက်ထိုင်နေသော ရန်ကျားလိ၏ အနောက်သို့ တစ်လှမ်းချင်း လှမ်းလျှောက်လာသည်။ ခိုးကြောင်ခိုးဝှက် လုပ်နေသော နောက်ကျောပြင်ကို စိုက်ကြည့်ရင်း လေသံမှာ ပို၍ တင်းမာလာတော့သည်။

"ယူထုတ်လာခဲ့"

ရန်ကျားလိက ယဲ့ထင်ကို ကျောပေးထားရင်းနှင့်ပင် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်သည်။

ယဲ့ထင်က လက်ဆန့်ထုတ်လိုက်ပြီး ရန်ကျားလိအား အားနှင့် ဆွဲလှည့်လိုက်သည်။ ထို့နောက် လျှပ်တစ်ပြက်ဆန်သော ထိတ်လန့်ပျာယာခတ်မှုများနှင့် ပြည့်နှက်နေသည့် မျက်ဝန်းများကို ကြည့်ရင်း ခက်ထန်သော လေသံနှင့် အမိန့်ပေးသည်။

"မင်းအခု စားနေတဲ့ဟာ ငါ့ကိုပေး"

ရန်ကျားလိခမျာ အတင်းအကြပ် ဆွဲလှည့်ခံလိုက်ရသည်။

ရုတ်တရက် ကြောက်စိတ်မွှန်သွားသည့် စိတ်အခြေအနေ ကျော်လွန်သွားမှသာ ရန်ကျားလိသည် မိမိကိုယ့်ကို တည်ငြိမ်သွားအောင် ဖိအားပေးလိုက်ပြီး ခေါင်းစောင်းလိုက်ကာ

"ငါမစားရသေးပါဘူး"

ယဲ့ထင်သည် ရန်ကျားလိ၏ အပြုအမူများကို ဂရုတစိုက် အကဲခတ်နေသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now