[75]

1.3K 252 5
                                    

[Uicode]

အခန်း(၇၅):မြန်မြန်,သူ့​ကိုနှင်ထုတ်လိုက်! နှင့် ခင်ဗျားသေပြီပဲ


"ဒါပေမယ့် ဥက္ကဌလော့က ငါတို့ရဲ့ ရင်းနှီးမြုပ်နှံသူလေ။ သူ့ကို ဘယ်လိုလုပ်ပြီး နှင်ထုတ်လို့ရမှာလဲ!" ဒိုင်အန်းက ထိုလူ၏အ​ရေးပါမှုကို ထုတ်ဖော်ပြောလိုက်သည်။

"အဲဒါကြောင့် မင်းကို အကြံဥာဏ်တွေ ပေးစေချင်နေတာ​ပေါ့!" ဆုနိုသည် သူ့အား မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

သူ့အကြည့်က ဒိုင်အန်းကို စိတ်မသက်မသာဖြစ်စေပြီး နောက်ဆုံးတော့ တုံ့ဆိုင်းစွာပင် သဘောတူလိုက်ရသည်။ အလုပ်ပြီးတာနဲ့ သူ လော့လီဆီကို စကားပြောဖို့ အမြန်သွားပြီး မနက်ဖြန် ဒီကိုလာအုံးမလားလို့ သွား​မေးလိုက်သည်။

“လာဖို့ရှိပါတယ်။ ဒီအ​တောအတွင်း ကျွန်တော် ဘာမှလုပ်စရာမရှိပါဘူး”

ဒိုင်အန်း၏နှလုံးသည် ချက်ချင်းပင် နစ်မြုပ်သွားသော်လည်း သူသည် ပန်းပွင့်လေးလို အပြုံးမျိုးဖြင့် ပြုံးထားဆဲဖြစ်သည်။“တကယ်တော့ နိုနိုက တကယ်ပဲ ပရော်ဖက်ရှင်နယ်ဆန်တဲ့ မော်ဒယ်တစ်ယောက်ပါ။ ရိုက်ကူးရေးအဖွဲ့ကလည်း ပါတနာဟောင်း ဖြစ်ပြန်​နေ​ရော။အဲ့တာ​ကြောင့်မို့လို့ ဥက္ကဌလော့ စိတ်ပူစရာမလိုပါဘူး။" ဒါဆိုရင် မြန်မြန် အလုပ်ဆင်းတော့!

"ကျွန်တော် သိပါတယ်" လော့လီက ပြုံးပြီး "ဒါပေမယ့် ဒီက ဆက်တင်​​တွေက အရမ်းကောင်းတယ်။ အဲဒါကို စိတ်ဖိစီးမှုလျှော့ကျသွားအောင်လို့ လာအပန်း​ဖြေတဲ့သ​ဘောအ​နေနဲ့ပါ။ သိပ်မဆိုးပါဘူး"

ဒီ​အချက်ကို ရောက်သည်နှင့် ဒိုင်အန်းသည် မည်သို့ဆက်လုပ်ရမည်ကို မသိတော့ပေ။ ထို့ကြောင့် သူသည် ဆုနိုဆီသို့သာ ပြန်သွားပြီး ဒီကြေကွဲဖွယ်သတင်းကို သတင်းပို့ရပြန်​တော့သည်။

"မနက်ဖြန်လည်း ဒီကိုလာအုံးမှာလား?" ထိုသတင်းကိုကြားပြီးနောက် ဆုနိုသည် အလွန်ဒေါသထွက်သွားသည်။ တခြားသူရဲ့ ဖင်ကိုကြည့်ဖို့အတွက် အလုပ်လုပ်တာကို အကြောင်းပြပြီး... ဒီလိုမျိုး... တကယ်ပဲ အရှက်မရှိဘူး!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now