[76]

1.3K 246 1
                                    

[Uicode]

အခန်း(၇၆):ညလယ်​ခေါင် ဒရမ်မာ နှင့် သူ ငါ့ကို တိတ်တခိုး ကြိုက်နေတာပဲ

ထိုညတွင် ဆုနိုသည် ဒိုင်အန်းကို သူနှင့်အတူ အိပ်ရန် အပြင်းအထန် တောင်းဆိုခဲ့သည်။ဃလော့လီသည် ညနက်သန်းခေါင်အချိန်တွင် သူ့အခန်းထဲကို ဖောက်ထွင်းဝင်ရောက်ကာ သူ့ကို အတင်းအကြပ် beep- ပြီး နောက်တစ်ကြိမ် beep-ခိုင်းလိမ့်မည်ကို စိုးရိမ်မိသောကြောင့်ပင်။

လော့လီသည် ဤဟိုတယ်၏လုပ်ငန်းဖော်ဆောင်သူများထဲမှ တစ်ဦးဖြစ်ပြီး သူမှာ ဟိုတယ်အခန်းအားလုံး၏ သော့တွေ ရှိကောင်းရှိနိုင်သည်။

"ကောင်းသောညပါ" ဒိုင်အန်းသည် စောင်ဆွဲခြုံလိုက်ရင်း သမ်းဝေလိုက်သည်။

"မအိပ်နဲ့ဦး။" ဆုနို သူ့ကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

"ဘာမှားနေလို့လဲ?" မစ္စတာမန်​နေဂျာသည် ဒေါသတကြီး ခက်ထန်​သောမျက်နှာဖြင့် သူ့ကို ကြည့်လိုက်သည်။

"တိုက်ကွမ်ဒို ချနည်းသိလား?" ဆုနို ဆက်​မေးလိုက်သည်။ "ဒါမှမဟုတ် မင်းမှာ ခံစစ်စွမ်းရည်ကောင်းရှိလား?"

"မရှိဘူး!လုံးဝမရှိဘူး!" ဒိုင်အန်းက ခေါင်းခါသည်။

"မင်း ဘာလို့ တိုက်ကွမ်ဒိုကို​တောင် မတက်ရတာလဲ..." ဆုနို သက်ပြင်း ခပ်ပြင်းပြင်းချလိုက်သည်။

"ဘာလို့ ငါက တိုက်ကွမ်ဒိုကို သင်ရမှာလဲ?" ဒိုင်အန်း စိတ်ရှုပ်သွားသည်။

"ကာကွယ်ဖို့​လေ အား!နှာဘူး​ကောင် အခန်းထဲကို ဖောက်ဝင်ရောက်လာခဲ့ရင်...." ဆုနိုသည် သူ့ဘေးမှာ လှဲနေလျက်။ "ဒါမှမဟုတ်... ငါတို့ ခေါင်းအုံးအောက်မှာ ဓားတစ်ချောင်းထည့်ထားရမလား?"

"မလုပ်ပါနဲ့" ဒိုင်အန်းသည် ချက်ချင်း ငြင်းဆိုလိုက်သည်။ "မင်း အိပ်ငိုက်ပြီး ငါ့ကို ဓားနဲ့ထထိုးမှာကို ကြောက်တယ်"

"ဒါပေမယ့် လော့လီက လူကောင်းမဟုတ်ဘူးလို့ ငါ သံသယဖြစ်မိတယ်" ဆုနိုသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။ "သူဟာ မုဒိမ်းကောင်ကြီး ဖြစ်ရင်​တောင်ဖြစ်နေလိမ့်မယ်!"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now