[77]

1.4K 244 5
                                    

[Uicode]

အခန်း(၇၇):ဝင်လာရဲရင် ဝင်လာကြည့်နှင့် ငါ​ တောင်ပေါ်မှာ ရောက်​နေတယ်

စကားပြောပြီးကတည်းက ယဉ်ကျေးဖို့ အကြောင်းပြချက် မရှိတော့ပေ။ နောက်တစ်နေ့ မနက်အလုပ်မစခင် ဆုနိုသည် လော့လီကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။ "အလုပ်ချိန်အတွင်း ကျေးဇူးပြုပြီး မပေါ်လာပါနဲ့!"

"ဘာလို့လဲ?" လော့လီက ရယ်မောလိုက်ပြီး "တကယ်လို့ အမှတ်မမှားဘူးဆိုရင် ဒါက ကိုယ့်အိမ်ယာမြေရဲ့ ကြော်ငြာရိုက်ကွင်းမလား?"

"ဒီအိမ်ယာမြေကို ဘယ်သူပိုင်တာလဲဆိုတာကို ဘယ်သူက ဂရုစိုက်နေလို့လဲ?" ဆုနို သူ့ကို ဒေါသတကြီးဖြင့်ကြည့်လိုက်သည်။ "ခင်ဗျားဝင်လာရဲရင် ကျွန်တော် ခင်ဗျားကို သတ်ပစ်မယ်!" ခဏလောက်စဉ်းစားပြီးနောက် သူ ဆက်​ပြောလိုက်သည်။ “ကျွန်တော်တို့ အတူတူနေဖို့ဆိုတာ မဖြစ်နိုင်ဘူး!”

သူက တကယ်ကိုပဲ အုပ်စိုးကြီးစိုးသည့်ဟန်ပန်ဖြင့်။

"မင်းတကယ် စဉ်းစားကြည့်ပြီး ချိန်းတွေ့ဖို့ မကြိုးစားကြည့်ချင်ဘူးလား?" လော့လီသည် သူ့လက်များကို အိတ်ကပ်ထဲသို့ထည့်ကာ ဆုနို၏မျက်လုံးများကို တစ်တန်းတည်းကြည့်နိုင်ရန် အနည်းငယ်ငုံ့လိုက်၏။ "ကိုယ်က အရမ်းကောင်းတဲ့ ချစ်သူဖြစ်လာမှာပါ"

ခင်ဗျားခေါင်းက! ချစ်ဖို့ကောင်းအောင်!ကြိုးစားနေတာတောင်!

ထိုစကားကိုကြားပြီးနောက် ဆုနိုသည် ပို၍ပင် ဒေါသထွက်သွားပြီး "ဒါဆိုရင် အခုကတည်းက ဒီအတွေးတွေကို ဖြတ်ထားလိုက်!"

ငါ့မှာ ရည်းစားရှိနေပြီ၊ သူက အရမ်းချောတယ်ကွ!

"ဘာလို့လဲ?" လော့လီသည် အလွန်ဝမ်းနည်းနေသည့် အကြည့်ဖြင့် "ကိုယ်က မင်းကို အရမ်းကြိုက်တာပါ"

ဆုနိုသည် လေး​လေးနက်နက်ဖြင့် "ကျွန်တော့်ကို ကြိုက်တဲ့သူတွေက အများကြီးရှိတယ်။ ဒါပေမယ့် လူတိုင်းကို လိုက်ပြီးသဘောကျ ပေး​​နေလို့ မရတာတော့ သေချာတယ်" ဒါက အပြန်အလှန် နိယာမပဲ။

လော့လီသည် ဗိုက်အောင့်သွားသည်အထိ သူ့ရယ်ချင်စိတ်ကို ထိန်းထားရသည်။ ငတုံး​လေးဖြစ်ပြီး ရူးသွပ်လွန်းတယ်! ဒါကလည်း တကယ်ကို ချစ်စရာကောင်းနေပြန်တယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now