[78]

1.2K 225 2
                                    

[Unicode]

အခန်း(၇၈):စာ​ပေပညာရှင် လူငယ်​လေး နှင့် အရမ်း သတ္တိရှိတာပဲ

ဆေးရုံခန်းထဲမှာတော့ ကျုံးလီဖုန်းပိုင်သည် ကုတင်ပေါ်မှာ မှီထိုင်​နေပြီး မုချိုးအတွက် သူ့ ဖုန်းထဲကနေ သတင်းတွေကို ဖတ်ပေးနေသည်။ ပုံစံ​လေးက အရမ်းထိမိစရာပဲ!အိုကေ!

"မင်း ကိုယ်နဲ့အတူတစ်ချိန်လုံး ရှိနေဖို့မလိုပါဘူး။
ကိုယ် နာစ်ရှိတာနဲ့ အဆင်ပြေပါတယ်" မုချိုးသည် သူ့လက်ကို ဆုပ်ကိုင်ထားသည်။

"ခင်ဗျားက ကျွန်တော် ဂရုစိုက်​ပေးတာကို မလိုချင်တာလား!?" ကျုံးလီဖုန်းပိုင်သည် အနည်းငယ် ဒေါသထွက်သွားသည်။

ကျွန်တော်ကို ခင်ဗျားနဲ့!

စကားများရန်ဖြစ်ရ​အောင်!

မလုပ်နဲ့!

“ဘယ်ဟုတ်ပါ့မလဲ?” မုချိုးသည် ငိုရခက်ရယ်ရခက်ဖြင့် “ကိုယ်က မင်းရဲ့အလုပ် နှောင့်နှေးသွားမှာကို စိုးရိမ်လို့ပါ”

"ကျွန်တော် အလုပ်လုံးဝမလုပ်ချင်ဘူး!" ကျုံးလီဖုန်းပိုင်သည် လုံးဝအသေချာပင်။

“.....ဟုတ်ပါပြီ” မုချိုးသည် ကျုံးလီဖုန်းပိုင်၏မျက်နှာကို ဖျစ်ညှစ်ချင်သော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရသောကြောင့် ဝမ်းနည်းကြေကွဲစရာ​ကောင်းစွာ မျက်လုံးကို သွားထိုးမိခဲ့သည်။

“အာ့!” ဒါရိုက်တာကျုံး အော်ဟစ်လိုက်မိသည်။ဘာလို့လဲဆိုတော့ စာပေနှင့် အနုပညာရှင်လူငယ်လေး​တွေက အထူးနူးညံ့ သိမ်မွေ့သောကြောင့်ပင်။

"မင်း အဆင်ပြေရဲ့လား?" မုချိုး ထိတ်လန့်သွားသည်။

"ရပါတယ်!" ကျုံးလီဖုန်းပိုင်သည် မုချိုး၏လက်ကိုဆွဲကိုင်လိုက်ပြီး သူ့မျက်နှာပေါ်သို့ ဖြန်းခနဲ့ရိုက်တင်​ပေးလိုက်သည်။

မုချိုး: "……"

"အသီးစားမလား?" ကျုံးလီဖုန်းပိုင် မေးလိုက်သည်။

မုချိုး ခေါင်းခါလိုက်ပြီး သူ့လက်မသည် ကျုံးလီဖုန်းပိုင်၏မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်၏။ သူ့အမူအရာက အရမ်းနူးညံ့လွန်းတာပဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now