[79]

1.3K 212 1
                                    

[Unicode]

အခန်း(၇၉):မစ္စတာဒါရိုက်တာ နှင့် ချစ်စရာကောင်းတဲ့ ခွေး​လေး


"မစ္စတာဓားအမာရွတ်က ကြမ်းတမ်းတဲ့​တောတောင်ထဲသို့ ခေါ်ဆောင်သွားခြင်း" ကဲ့သို့သောကိစ္စသည် ကြောက်စရာကောင်းလွန်းသောကြောင့် ရှူတင်နောက်ဆုံးနေ့တွင် ဒိုင်အန်းသည် တံခါးကို စောင့်ကြပ်ရမည်ထက် သေသာ​သေလိုက်ချင်မိခဲ့သည်။

သူသည် ဆုနို၏မော်ဒယ်လ်အဝတ်အစားများကို ဟိုဟိုဒီဒီ သယ်နေပြီး ဆု​ရှောင်းနိုတစ်​ယောက်သွားလေရာကို တစ်ဖဝါးထက်,ထပ်ကြပ်မကွာ လိုက်လေတော့သည်။ကြမ်းတမ်း​သည့်တောတောင်ထဲသို့ ပြန်ဆွဲခေါ်သွားခံရမှာကိုတော့ သူ စိုးရိမ်နေမိ၏။

သို့သော်လည်း သူအ​တွေးလွန်မိသွားသည်မှာ အမှန်ပင်။ အဘယ်သို့ဆိုရလျှင် လော့လီသည် တစ်​နေကုန် ပေါ်မလာ​သော​ကြောင့်ပင်။ ဝန်ထမ်းတွေရဲ့ အဆိုအရတော့ ကုမ္ပဏီမှာ ပြဿနာတချို့ ပေါ်လာတာကြောင့် မနက်အစောကြီး ကုမ္ပဏီကို ပြန်သွားသည်ဟု။

တကယ်​ပဲ သူထွက်​သွားခဲ့ပြီ!! ဒိုင်အန်းသည် စိတ်လှုပ်ရှားမှုကြောင့် ငိုချင်ရက်လက်တို့ဖြစ်ရပြီ။
"မနေ့ညက အရေးပေါ်အခြေအနေကြောင့် ရုတ်တရက်ပြန်ရပါစေလို့ ငါဆုတောင်းခဲ့တာ!" ရှင်းလင်းစွာပင် သူ့ရဲ့ဆုတောင်းချက်များသည် မ​တော်တဆ ပြည့်သွား​လေသည်မှာ ထင်ရှားပေသည်။

"ဒီသုံးရက်က အရမ်းရှည်လွန်းတယ်!" ဆုနိုသည်လည်း ခံစားချက်အပြည့်ဖြင့် လိုက်ပါလာခဲ့သည်။လုယက်ခံရမှာကို မကြောက်ပေမယ့် သူခိုးက သူ့ကိုမှတ်မိ​နေမှာကိုတော့ ကြောက်မိသည်။ နှာဘူး​ကောင်၏ ပစ်မှတ်ထားခံရတာက အမှန်တကယ်ပင် ကြောက်စရာကောင်းပြီး အမြန်ထွက်ခွာဖို့ လိုအပ်သည်။

"ဘာလို့ ဒီည ပွဲမလုပ်ရမှာလဲ?" ဒိုင်အန်းသည် အမှန်တကယ် ဂုဏ်ပြုကြရန် လိုအပ်သည်ဟု ခံစားမိသည်။

ဒါပေမယ့် ဆု​ရှောင်းနိုက ငြင်းဆိုခဲ့သည်။

အစားအသောက်ကို နှစ်သက်သူက စား​သောက်ပွဲကို ငြင်းပယ်တယ်​ပေါ့!ဒါ လုံးဝ အဓိပ္ပါယ်မရှိဘူး!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now