[80]

1.4K 234 0
                                    

[Unicode]

အခန်း(၈၀):ချမ်းသာသုခနှင့်ပြည့်စုံမှု နှင့် Midnight Square


တခြားသူသာဆိုရင် ဆုနိုသည် ဟောက်ပြီး ကြိမ်းမောင်းလိုက်လိမ့်မယ်။ ဒါပေမယ့် ဖုန်းခေါ်ဆိုသူ ID က သူ့အစ်ကိုကြီးဖြစ်​နေတာမို့ ဆုနိုသည် ကြောက်လန့်တကြားဖြင့် ဖုန်းပြန်ဖြေရမည်သာ။

"မင်းဘာလုပ်နေတာလဲ?" ဟန်ဝေက မေးသည်။

“ရေချိုးပြီး အိပ်ယာဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ” ဆုနိုက ရိုးရိုးသားသားဖြေလိုက်သည်။

"မနက်ဖြန်မနက်ကျရင် အချိန်ရှိလား။ရှိရင် အိမ်ပြန်လာခဲ့ဦး။ အစ်ကိုကြီး မင်းနဲ့ဆွေးနွေးစရာရှိတယ်"

“ကောင်းပြီ။ ကျွန်တော် ၁၁ နာရီလောက်လာပြီး အစ်ကိုကြီးအတွက် ချက်ပေးမယ်”

"သူ မင်းဘေးမှာ ရှိနေလား?" ဟန်ဝေသည် ရုတ်တရက် အသံနက်ကြီးဖြင့် ပြောလိုက်သည်။

အာ!ဆု​ရှောင်းနို တစ်​ယောက်အံ့သြသွားသည်။ သူ့အစ်ကိုကြီးက ဘယ်လိုသိနေတာလဲ!မိုင်တစ်ထောင်လမ်းကနေ ခြေရာခံခြင်းရဲ့ အမြင့်ဆုံးစွမ်းရည်ကို သူကျွမ်းကျင်ခဲ့တာများလား? တကယ့်ကို တုန်လှုပ်စရာပဲ!

"အစ်ကိုကြီး...ဘယ်လိုသိတာလဲ?" ဆုနိုသည် ကြောက်​သွားမိသည်​။

"သာမန်အားဖြင့် မင်းက ဘာအတွက် လာရမှာလဲလို့ မေးတတ်တယ်လေ" ဟန်ဝေရဲ့ စကားက ချက်ကျလက်ကျပင်။ ပြောရရင် ဆုနိုရဲ့ သိချင်စိတ်က ငယ်ငယ်ကတည်းက အမြဲပြင်းထန်လွန်းသည်။ ဒီတစ်​ခါ​တော့ သူဘယ်​လိုအ​ကြောင်းပြချက်​မှမ​မေးဘူး!

“ဟမ်” ဆုနိုသည် ရှုပ်ထွေးတဲ့ခံစားချက်ကို ခံစားနေရသည်။

သူ့အစ်ကိုကြီးမှာ ဘယ်လိုများ ညဏ်နီညဏ်နက်​တွေ ရှိ​နေရတာလဲ?သူက မြေခွေးအိုကြီးလိုပဲ!

"မင်းရေချိုးနေတာကို အနားမှာ သူက ဘာလို့ရပ်နေတာလဲ!" အစ်ကိုကြီးက တကယ်မ​ကျေနပ်​ပေ။

ကျွန်တော်တို့က ချစ်နေကြတဲ့ချစ်သူတွေမို့ အတူတူရေချိုးတာက ပုံမှန်ပဲလေ!ဆုနိုသည် စိတ်ထဲကနေ အော်ဟစ်လိုက်ပြီး “အစ်ကိုကြီး စောစောအိပ်သင့်တယ်” လို့သာ လိမ္မာပါးနပ်စွာ ပြောလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now