[82]

1.2K 222 4
                                    

[Unicode]

အခန်း(၈၂):အစ်ကိုကြီးကိုကူညီခြင်း နှင့် မင်းရည်းစားက ဘယ်သူလဲ?

"Blackjack(ဖဲ) ပဲမလား?" ဆုနို မေးလိုက်သည်။

"အဲဒီထက်ပိုတယ်" ဟန်ဝေ ခေါင်းခါလိုက်သည်။

"ဒါပေမယ့် ကျွန်တော်က Blackjack ကိုပဲသိတယ်လေ" ဆုနိုသည် နည်းနည်းလေးတော့ စိတ်ဓါတ်ကျသွားရသည်။ပြီးတော့လည်း ကျွန်တော့်ရဲ့ လောင်းကစားစွမ်းရည်ကိုလည်း တစ်ခါမှ မ​သွေးခဲ့ရ​သေးဘူး။

"အစ်ကိုကြီး သိပါတယ်။" ဟန်ဝေသည် ဖျော်ရည်ပုလင်းကို ဖွင့်ပေးလိုက်ကာ ဆုနိုအား ကမ်းပေးလိုက်သည်။ "ကစားပွဲရဲ့ ကျန်တဲ့အပိုင်းတွေကို ကစားဖို့ တခြားတစ်ယောက်ယောက်ကို ရှာလိုက်မယ်"

"ဒါဆို အဲဒီလူကိုတွေ့ပြီလား?" ဆုနို အရမ်းစိတ်ပူမိ၏။

"ရှိ​​တော့ရှိတယ်။ဒါ​ပေမယ့် မင်းလောက် သစ္စာရှိသူတစ်ယောက်မှ မရှိဘူး" ဟန်​ဝေ ဆက်​ပြောလိုက်သည်။ "ဒါပေမယ့်  တခြားနည်းလမ်းမရှိဘူး။ အစ်ကိုကြီးတို့က တစ်ကြိမ်မှာ ခြေတစ်လှမ်းပဲ လှမ်းနိုင်မယ်လေ"

ဆုနို ခေါင်းညိတ်လိုက်ပြီး သူ့အစ်ကိုကြီးကို ဒီထက်ပိုပြီး မကူညီနိုင်တော့သည်မို့ နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။

"အများကြီး မစဉ်းစားနဲ့" ဟန်​ဝေသည် သူ့ပုခုံးကို ပုတ်ပေးလိုက်ပြီး "အစ်ကိုကြီးပြောခဲ့တဲ့အတိုင်းပဲ အစ်ကိုကြီးတို့ ရှုံးသွားခဲ့ရင်တောင် ကိစ္စမရှိဘူး...ဟုတ်ပြီလား။ ဟင်းသွားချက်တော့​လေ"

ဟန်​ဝေ​ပြောသည်မှာလည်း မမှားပေမယ့် ဒီအခြေအနေက ကျွန်တော့်ကို စိတ်ပူစေနေတုန်းပဲ။
ဆုနိုသည် မီးဖိုချောင်ထဲသို့ဝင်သွားပြီး အသီးအရွက်တွေကို ဇုန်ပြင်ပသို့ ရောက်​နေသည့်အမူအယာဖြင့် လှီးဖြတ်,ဖြတ်တောက်နေတော့သည်။ဆန်ကို ငါးခါဆေးရုံတင်မက,လက်ချောင်းကိုတောင် ဖြတ်ပစ်လုနီးပါးပင်။ဟင်းချက်စ​ကေးတောင် ဆုံးရှုံးသွားပြီး ဆားကို ထည့်ပြီး​နောက် နောက်ထပ်ဆားတစ်ဇွန်းကိုပင် ထပ်ထည့်လိုက်သေးသည်။ဟန်ဝေခင်ဗျာ အစားကိုပင် မစားနိုင်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now