[83]

1.3K 213 2
                                    

[Unicode]

အခန်း(၈၃):အမှုစစ်​ဆေးခြင်း နှင့် ဆေးရုံကို အတူတူသွားကြမယ်

"ငါ့ကိုပြော!မင်းတို့နှစ်ယောက် ဘယ်တုန်းကတည်းက အတူတူဖြစ်သွားကြတာလဲ?" ဒိုင်အန်းက တကယ်ကို တင်းကြပ်တာပဲ။

အနှစ်သာရမရှိတဲ့ 'အတူတူဖြစ်သွားကြတယ်' ဆိုတဲ့ စကားမျိုး ဘယ်လိုများ ပြောထွက်ရတာလဲ?
ဆုနိုသည် သူ့မျက်လုံးတွေနဲ့သာ ကန့်ကွက်လိုက်ပြီး “တော်တော်ကြာနေပြီ” လို့ ရိုးသားစွာ ပြန်ဖြေလိုက်သည်။

"တော်​တော်ကြာပြီ!" ဒါကိုကြားပြီးနောက် ဒိုင်အန်းသည် သွေးအန်ထွက်လုနီးပါးဖြစ်သွားပြီး "ဒါဆို Duan Rui အတွက် ရိုက်ကူး​ရေးပြီးကတည်းက အိုးရန်လုံနဲ့ ချိန်းတွေ့ခဲ့တာလား?"

ဟုတ်တယ်!

ဆုနိုသည် ရိုးရိုးသားသား ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ "ငါတို့ မြင်မြင်ချင်း ချစ်မိသွားတယ်!"

နည်းနည်းချဲ့ကားထားပေမယ့် လှပတဲ့အချစ်က ဒီလိုပဲဖြစ်သင့်တယ်လေ!

"ဒီလောက် အရေးကြီးတာကို စောစောကတည်းက ဘာလို့မပြောခဲ့တာလဲ!" ဒိုင်အန်း အော်ဟောက်လိုက်သည်။

"အ​​စောကြီးကတည်းကမှ မမေးတာ​လေ" ဆုနိုကညည်းညူလိုက်သည်။

"ဒီအကြောင်းကို ဘယ်သူသိသေးလဲ?" ဒိုင်အန်းသည် အလွန်စိတ်ညစ်လို့​နေပြီ။

“ငါ့မိသားစုဝင်တွေပဲ သိ​​သေးတယ်” ဆုနိုသည် ကျုံးလီဖုန်းပိုင်ကို အလိုအလျောက် လျစ်လျူရှုခဲ့သည်။ ဘာပဲဖြစ်ဖြစ်လေ သူက အရေးမှမကြီးတာကို!

"အဲဒါကောင်းတယ်။" ဒိုင်အန်းသည် သက်တောင့်သက်သာဖြင့် အသက်ကိုရှူထုတ်လိုက်သည်။

"အချစ်​လေး...မင်းစိတ်ဆိုးမှာ​တော့ မဟုတ်ဘူးမဟုတ်လား?" ဆုနို၏မျက်လုံးများသည် ရိုးသားမှုအပြည့်နှင့်။

"ဒေါသထွက်မှာ!!!!!!"

ဒိုင်အန်းသည် တောင်များနှင့် မြစ်များက သံယောင်လိုက်သည်အထိ အော်ဟောက်လိုက်သည်။relationship ရှိ​နေတာကိုမှ ဆိုးရွားနေပြီဖြစ်ပြီး အဲ့ဒီအပြင်ကို ယောက်ျားတစ်ယောက်နဲ့ တွဲနေတာ ဖြစ်​နေ​​သေးတယ်။ ဒီစကားကို ကျယ်ကျယ်လောင်လောင် ပြောတာမျိုးဆိုရင်တောင် လူတွေကို သေတဲ့အထိ ကြောက်လန့်စေလိမ့်မယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now