[84]

1.2K 220 1
                                    

[Unicode]

အခန်း(၈၄):သဝန်မတိုဘူးလား နှင့် ကိုယ် မင်းကိုချစ်တယ်

"တကယ်ကြီး! ဆေးရုံမှာတွေ့ဖို့ စီစဉ်ထားတာ မဟုတ်ပါဘူး!" ဆုနိုသည် သူ့လူကြီးရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ဒါရိုက်တာကြီး ကျွန်တော့်ကိုယုံရမယ်!"

"ဟုတ်ပါတယ်။ကိုယ် ယုံတယ်။" အိုးရန်လုံ ခေါင်းညိတ်ပြလိုက်သည်။

အမှန်တော့ သူနိုင်ငံရပ်ခြားက​နေ ဆုနိုကိုခေါ်လာပြီးကတည်းက ချိုးကျီယန်နဲ့ သူ့ရဲ့ဆက်ဆံရေးကို ဂရုမစိုက်တော့ပေ။ဒါ​တောင်မှ ဒီအရုပ်​​လေးရဲ့တွေးခေါ်ပုံက တကယ့်ကို ဗရုတ်သုတ်ခဖြစ်​နေ​သေးသည်ပင်။သာမန်လူတစ်ယောက်လို ဘယ်တော့မှ တွေးမှာမဟုတ်ဘူး။

သို့သော် ဆု​ရှောင်းနိုသည် မစ္စတာဒါရိုက်တာ၏ အတွေးအမြင် ပြောင်းလဲသွားသည်ကိုရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ထို့အပြင် ချိုးကျီယန်သည်ကား တစ်ချိန်က သူတို့ လမ်းခွဲခဲ့ရသည့်မီးပွားဖြစ်ခဲ့ပြီး ရှင်းပစ်ရမည်။ ပြင်းပြင်းထန်ထန် ဆက်ဆံရမည်။

"တကယ်ပဲ ချိုးကျီယန် ထွက်သွားမှ ဒါရိုက်တာကျုံးကို ဖုန်းဆက်ဖို့ ကျွန်တော် တကယ်...တကယ် ပြောခဲ့တာပါ!"ဆုနိုသည် သူ့လက်ကို လေးနက်စွာ မြှောက်လိုက်ပြီး 'တကယ်'ဟူ၍ နှစ်ကြိမ်တောင် ပြောလိုက်သေးသည်။

"Ok" အိုးရန်လုံသည် သူ့ပါးလေးကို ကိုက်လိုက်သည်။

'OK' က ဘာကို ဆိုလိုတာလဲ?ငါပြောတာကို 'ok' ဆိုတာ​လေးနဲ့ သူ ဘယ်လိုများစိတ်ထဲက​နေ ဖယ်ထုတ်ပစ်လိုက်တာလဲ?သူ ဒေါသထွက်နေသေးတာ ထင်ရှားတယ်!

ဆုနိုသည် ပို၍ပင် စိုးရိမ်လာသည်။နောက်ဆုံးမှာ သူက သူ့ရဲ့ချောမောခန့်ညားတဲ့ လက်တွဲဖော်ကို ဒေါသထွက်သွားစေခဲ့တာပဲ။သူတို့ရဲ့ဆက်ဆံရေးကို ဟိုမ​ကောင်းဆိုးဝါး​ကောင်ရဲ့ ဖျက်ဆီးခြင်းကို မခံရ​စေရဘူး။

"ရေချိုးချင်လို့လား?" အိုးရန်လုံ မေးလိုက်သည်။

ဆုနို စူးရှစွာ ရှိုက်လိုက်မိသည်။မစ္စတာဒါရိုက်တာက သူ့ကို ရေချိုးကန်ထဲမှာ အပြစ်ပေးဖို့ စီစဉ်နေတာလား? ဘယ်လောက်တောင် ကြောက်စရာကောင်းပါလိမ့်! ရှက်စရာကောင်းလွန်းတယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now