[85]

1.3K 237 4
                                    

[Unicode]

အခန်း(၈၅):စင်မြင့်ထက်မှာ တွေ့ဆုံခြင်း နှင့် ငါ့​နောက်မှာ တစ်​ယောက်ယောက်ရှိ​နေတယ်

အရှက်မရှိ အစားအသောက်ကို နှစ်သက်သူတစ်ယောက်အနေနဲ့ ဆုနိုရဲ့ရှေ့ဆက်ရတဲ့ နေ့ရက်​တွေသည် နောက်ကျမှအိပ်ရတဲ့ နေ့တွေဖြစ်ခဲ့ပြီး မစ္စတာဒါရိုက်တာဆီက နူးညံ့နွေးထွေးတဲ့ အနမ်းကြောင့် နိုးထလာရသည်။အရသာရှိတဲ့ မနက်စာစားပြီး သန့်ရှင်းရေးလုပ်၊ အခန်းထဲမှာ စာအုပ်တွေဖတ်ပြီးနောက် ညစာစားခဲ့ကြသည်။

နိုး! ဘယ်ဟုတ်ပါ့မလဲ!

နေ့ခင်းဘက် လက်ဖက်ရည်သောက်ချိန်​လည်း ပါဝင်ရမယ်​လေ။နေ့ခင်း​နေ့လည် လက်ဖက်ရည်သောက်ပြီးမှ ညစာစားလို့ရမှာ​ပေါ့!။

တစ်နေ့တာ၏အဆုံးဆီသို့ သွားရဖို့ရာ ခြေလှမ်း​​တွေက မှန်ကန်နေရမယ်။ဤသည်ကိုမှ စံပြနေ့ လို့ ခေါ်တွင်မှာလေ။

ပြီးတော့ ညစာစားပြီးရင် မစ္စတာဒါရိုက်တာနဲ့ ကျောက်တုံး,စက္ကူ,ကတ်ကြေး ဆော့ပြီး ရှုံးသူက ပန်းကန်တွေကို ဆေးကြောရမယ်။ပြီးရင် အင်တာနက်ပေါ်ရှိ အတင်းအဖျင်းဖိုရမ်ကို ဖတ်ပြီး Cotton Candy နဲ့ Rice Ball လေးတို့ ပြေးလွှား​နေသည်ကို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရင်းနဲ့ နောက်ဆုံးတော့ ညဆယ့်တစ်နာရီလောက်မှာ မစ္စတာ ဒါရိုက်တာနဲ့ငါက -beep-မယ်။ မ -beep-ဘူးဆိုရင်​တောင် ပူပူပြင်းပြင်းအခန်းကဏ္ဍအချို့မှာ ငါးမိနစ်လောက် သေချာပေါက် ရှိနေလိမ့်မယ်။ အဲ့ဒီအခါကျ ငါလည်း သူ့absတွေကို အစီအစဉ်တကျ ထိကိုင်မိလိမ့်မယ်။ ဒါတွေအားလုံးပြီးရင်တော့ အိပ်မက်လှလှလေးတွေ မက်ရ​တော့မယ်။

ဒါပေမယ့် နောက်ဆုံးတော့ ဒါတွေအားလုံးက ဆုနိုရဲ့ အိမ်မက်လေးတွေပဲလေ။ သူ့မိသားစုကို ထောက်ပံ့ဖို့ လိုအပ်နေတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်အလုပ်ကို အရင်ဦးဆုံး စဉ်းစားရသေးတယ်။ဒါမှ ငါ ပိုပြီး ယောကျ်ားဆန်လာမယ်!

ငါ့နောက်ကျောလေးကို အလေးအနက်ထားပြီး ပုတ်​ပေးဖို့ လိုနေပြီ!

ထို့ကြောင့် ယခုအပတ်ပိတ်ရက်တွင် ဆုနိုသည် သူ၏ချောမောခန့်ညားတဲ့လူကြီးနှင့် အိမ်တွင်နေပြီး ညစ်ညမ်းသည့်အရာလေး​တွေကို လုပ်ချင်သော်လည်း ယနေ့နေ့လည်ခင်းတွင် walkshow
ပွဲအတွက် ပြင်ဆင်ရန် ကုမ္ပဏီသို့ ဗျစ်​တောက်ဗျစ်​တောက် ညည်းညူးပြီး ကားမောင်းသွားခဲ့ရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now