[86]

1.2K 230 5
                                    

[Unicode]

အခန်း(၈၆):ကျွန်တော် ကူညီမယ် နှင့် ဓါးအမာရွတ်နဲ့ နှာဘူး​ကောင်

“မဟုတ်ဘူး!” ဆုနို ချက်ချင်းပင် အလိုလိုငြင်းလိုက်သည်။

“.....ကျွန်တော် အကုန်ကြားလိုက်တယ်။” ထန်​ရှောင်းယွီသည် ပိုက်ဆံအိတ်ကို သူ့ဆီပြန်ပေးလိုက်ပြီး "ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ဒါ့ကြောင့် စိတ်ပူနေဖို့ မလိုဘူး"

ငါစိုးရိမ်တယ်လို့ ဘယ်သူပြောလဲ။ ငါ လုံးဝမစိုးရိမ်ဘူး!ငါပုံစံကို စိုးရိမ်​နေတယ်လို့ ပြောလို့မရဘူးကွ!

ဆုနိုသည် လျင်မြန်စွာ တွေးရ​ချေပြီ။ ထိုသို့သော အခြေအနေမျိုးတွင် သူလုပ်သင့်သည်က ဉာဏ်ရည်ကို အမှန်တကယ် ပြန်စမ်းစစ်ရမည်ပင်။

သူ တည်ငြိမ်နေရမယ်!

"အစက ကျွန်တော် ဒီကိုလာပြီး ပိုက်ဆံအိတ်ကို ပြန်ပေးချင်တာမှန်ပေမယ့် ကျွန်တော့်နာမည်ကို ပြောလိုက်တဲ့အချိန်မှာတော့  ကျွန်တော် မထွက်သွားခဲ့ဘူး" ထန်​ရှောင်းယွီသည် မျက်ခုံးကျုံ့လိုက်ပြီး "အစ်ကိုဟန်မှာ ပြဿနာတစ်ခုခု ကြုံနေရတာလား?"

မဟုတ်ဘူး!ဆုနိုသည် လေးလေးနက်နက်ဖြင့် "မင်း နားကြားမှားတာ"
စကားလုံးအသုံးအနှုန်းကအစ အလွန်ဆုံးဖြတ် သုံးရမည်ဖြစ်ပြီး ထိုမှသာ အလွန်လက်တွေ့ကျမည်ဖြစ်သည်။

ထန်​ရှောင်းယွီရဲ့အသံက တကယ်ကို နူးညံ့ပျော့ပျောင်းနေပြီး "ကျွန်တော် ကူညီပေးနိုင်တာများရှိမလား?"

"ဘာကိုပဲကူညီ ကူညီ,ငါ့အစ်​ကိုကြီးမှာ တကယ်​ ဘာပြဿနာမှ မရှိ​ဘူး" ဒါပေမယ့်​ ဒီလိုကိစ္စမျိုးကို ကူညီ​ပေး​မယ်ဆိုရင်​တော့...ထန်​ရှောင်းယွီရဲ့စကားကိုကြား​လိုက်ရတော့ ဆုနိုရဲ့မျက်​လုံး​တွေက ​တောက်​ပလာတော့သည်။

သေချာတာ​ပေါ့!သူသည်ကား “ကောင်းတာ​ပေါ့။ ဒါဆိုရင် ငါ့အစ်ကိုကြီးက မင်းကို စောင့်ရှောက်မှာပါ” လို့ အစပြုပြီး ခေါင်းညိတ်လိုက်ဖို့အထိ လုံလောက်တဲ့ တုံးအမှုမျိုးမှ သူ့မှာ မရှိတာဘဲလေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now