[87]

1.1K 215 2
                                    

[Unicode]

အခန်း(၈၇):အကြားအာရုံကောင်းချက် နှင့် သူ့ကို ငါ​ပြောသင့်လား?


“စောသေးတယ်။ ဆေးရုံသွားကြရအောင်။" အိုးရန်လုံသည် ကားမောင်းနေရင်း အကြံပြုလိုက်သည်။

“သွားကြမယ်လေ။”ဆုနိုသည် သူ့နှုတ်ခမ်းပေါ်က ဆောစ်အနည်းငယ်ကို စုပ်လိုက်ပြီး "ဥက္ကဌမု​ကော ဘယ်လို​နေ​သေးလဲ?"

"အ​ခြေအ​နေက သိပ်မဆိုးဘူးလို့ ထင်တယ်။ ကိုယ် ဒီနေ့ သူ့ဆီဖုန်းခေါ်တော့ ဒါရိုက်တာကျုံးက သူ အနားယူနေတယ်လို့ ပြောတယ်။"

ကျုံးလီဖုန်းပိုင်က မုချိုးအစား ဖုန်း​ဖြေ​ပေး​နေတယ်​ပေါ့။ ဟမ်...ဆု​ရှောင်းနိုသည် ချက်ခြင်းငြူစူမိသွားသည်။ ဒါက ဇနီးမောင်နှံနှင့် ပိုတူစေတာကြောင့် မစ္စတာဒါရိုက်တာ၏ခေါ်ဆိုမှုတွေကိုလည်း သူက အစား​​ဖြေ​ပေးချင်မိသည်။

_____________________________

"ဒါနောက်ဆုံးပဲ။နည်းနည်း ကျန်တာ​​လေး​တွေကို စားပြီးရင် ပြီးပြီ" ကျုံးလီဖုန်းပိုင်သည် ဆေးရုံခန်းထဲတွင် မုချိုးကို ညလယ်စာ ကျွေးနေသည်။

"ဒီနေ့ ဒါက ကိုယ့်ရဲ့ပဉ္စမအကြိမ်မြောက် စားတာ​နော်။" မုချိုးက သတိပေးလိုက်သည်။

"အဲ့​တော့ ဘာဖြစ်လဲ?!"ကျုံးလီဖုန်းပိုင်သည် ဇွန်းကို ပါးစပ်နားသို့ တွန်းလိုက်သည်။

"ကိုယ် ဗိုက်ပြည့်ပြီ။" မုချိုးသည် အပြစ်ကင်းသည့်အကြည့်လေးဖြင့် ကြည့်လိုက်သည်။

"........."

ကျုံးလီဖုန်းပိုင်သည် အေးစက်စက်ဖြင့် "ဟွန့်" တစ်ချက်ပေးလိုက်သည်။

ခင်ဗျားကို*ချက်​ပေးချင်လို့*ချက်​ပေး​နေတာ*မဟုတ်ဘူး*ဘာလို့လဲဆိုတော့*ခင်ဗျားကို သနားလို့!

"ထားလိုက်ပါ။ကိုယ် ပြီးရင်စားလိုက်ပါ့မယ်" မုချိုးသည် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ဒီနေ့ မင်း အနားယူနေတာ မတွေ့မိသေးဘူး"

ကျုံးလီဖုန်းပိုင်သည် ငါးဆန်ပြုတ်အနည်းငယ်ကို အပြီးမသတ်မီ သူ့လက်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now