part 7

382 21 0
                                    

စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်

(အပိုင်း 7)

တောင်ခြေရောက်တော့  စောသေးတာနဲ့ မနက်စာစားဖို့ ဆိုင်တစ်ဆိုင် မှာ ထိုင်ကြရင်း   ကိုလင်းက ရန်ကုန်ရောက်ရင်
သူ့clubကို အလည်လာဖို့ ခေါ်လေရဲ့ 

ဖူးက ပျို ဟိုတစ်ခါ ငါနဲ့နင်သွားတဲ့  bar နဲ့ club တွဲထားတဲ့နေရာလေ အဲ့ဒါ ကိုလင်းတို့ပိုင်တာ  

​သြော် ဟုတ်လား ဖူး  ...... နောက်ခါလာရင် freeနော်ကိုလင်းရေ
ပျို လှမ်းစတော့ ကိုလင်းက ရေမီးအစုံ ဖြစ်စေရမယ်ဗျာ

ဇုန် လာဖြစ်အောင်လာနော်  ကိုလင်းက ဇုန်ကို ခေါ်ရင်း ပြီးတော့ ပြန်တွေ့ရင် သတင်းကောင်း ကြားချင်တယ်ဟေ့

ဇုန်လဲ ပြုံးရင်း  တူတူပါပဲ  လာဖို့ကြတော့ ဇုန်က အလုပ်နဲ့ အိမ်
အနီးအနားပဲ သွားတတ်တာ  ကိုလင်းဆိုင် လာဖို့က ပျို ခေါ်မှပဲ ရမယ် ........ ပျို လာရင် ဇုန်ပါခေါ်ခဲ့နော် ပျိုရေ

ပျိုကတော့ ဘာမှမပြောမိ

ကိုလင်းနဲ့ ဖူး တို့ accရော ဖုန်းနံပါတ်ရော  အပြန်လှန်
လဲကြရင်း လေးယောက်သား စကားပြောလို့ရအောင်
ကိုလင်းက messager  မှာ  group ဖွဲ့လိုက်တယ်
ရန်ကုန်ရောက်ရင်လဲ မသိချင်ယောင် မဆောင်ကြေးတဲ့

ဖူးက ပျို ခုနက လမ်းလျှောက်တုန်းက ဘယ်လို ဖြစ်တာလဲ
နောက်က ပါတယ်ထင်လို့  လှည့်ကြည့်တော့ မရှိတော့ဖူးလေ

ပျို သတိတစ်ချက်မေ့သွားတာ ဇုန်ရယ်လေ ညမှောင်ရင် မျက်လုံးမကောင်းတာကို ပျို က ဇုန်ကို ရှေ့က သွားခိုင်းမိတာ

ဇုန်က ရှေ့က အတွဲနောက် လိုက်တာပဲ ဖူးရယ် လမ်းမှန်တယ်ပဲ
ထင်နေတာ  ​ လမ်းလျှောက်ရတာ အမှိုက်တောထဲ လျှောက်နေရသလို ခံစားရမှ   သတိရပြီး ကြည့်တော့ ဇုန်တို့က ဟိုအတွဲ ရှေ့ရောက်နေပြီ ရှေ့ လှမ်းပြီး မီးထိုးကြည့်တော့
ချောက်ကမ်းပါး ကျရင် တော်တော်နက်မဲ့ပုံပဲ

နောက်က လူတွေ ခေါ်တော့မှ ဇုန်တို့ လမ်းမှားမှန်းသိတာ
ရှေ့သာ နည်းနည်းလှမ်းမိရင် မတွေးဝံ့စရာပဲ

တော်သေးတာပေါ့  ဘာမဖြစ်လို့ ....ဟုတ်ပါ့ ဖူးရယ်

၈နာရီလောက်ကျ ဆိုင်ထဲကထွက်ပြီး ဖူးတို့နဲ့ လမ်းခွဲလိုက်တယ်
ဒါတောင် ဖူးက သူတို့ကားနဲ့ ပြန်ဖို့ခေါ်နေသေး  သူတို့က ကိုလင်း ကားနဲ့ နှစ်ယောက်ထဲ လာတာတဲ့ အတူတူပြန်မယ် လုပ်လို့ အတင်းငြင်းလွှတ်ရတယ်   ရန်ကုန်ကျ လာခဲ့ပါ့မယ် နင်ရိုက်ထားတဲ့ ပုံတွေ ကူးပြီး လာပို့မှ ထပ်တွေ့ကြမယ် ဆိုပြီး  ........

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now