part 11

434 19 0
                                    

စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်

(အပိုင်း 11)  gl fic

၃လလောက် အသည်းတွေကွဲ ပြီး အိမ်တွင်းအောင်းနေတာ
မစားနိူင် မအိပ်နိူင်နဲ့   အဝတ်အစားတွေတောင် နည်းနည်းချောင်သွားတယ်

ဒီနေ့တော့ အပြင်ထွက်ဖို့ ပြင်ရပြီ ညက အဖေ ဖုန်းဆက်​တယ် ဇုန်နဲ့ အဖေစကားတွေ အများကြီးပြောဖြစ်ခဲ့တယ် ပျိုက
ဇုန် အဒေါ်​ရင့်ရင့်သီးသီး စကားတွေ​ကြောင့်  ဇုန်ကို ထားခဲ့တာပဲ

ဇုန် တောင်းပန်ရမယ်လေ  ဒါကြောင့် ပျို အိမ်ကို သွားရတယ်

ဇုန် အိမ်လာလည်တာလား အိမ်မှာ ခဏသွားစောင့်နော်
သြော် ဒါနဲ့ ဒါက" ကိုထက်မြတ်အောင်" တဲ့ ပျို လက်ထပ်မဲ့သူပါ "ကိုထက်မြတ်" ဒါက" ဇုန်ပြည့်ကို "လေ

တွေ့ရတာဝမ်းသာပါတယ် ဇုန်

ဇုန်လဲ  ယဲ့ယဲ့လေးသာ ပြုံးပြလိုက်တယ်

လက်ထပ်တော့မှာ တဲ့လား 

ဇုန် အိမ်ထဲ ခဏစောင့်နော် ....... ဟုတ်

သြော် ဇုန် လာလည်တာလား .....လာကွယ်
ပျိုက မောင်ထက်မြတ် ကို လိုက်ပို့တယ် ဒီလမ်းက ကားဝင်မရလို့  ရပ်ကွက်ထိပ်မှာ ရပ်ထားခဲ့ရတာ

ဟုတ် အန်တီ  ဇုန် ပျိုနဲ့ တွေ့ခဲ့တယ်

အေးအေး အဲ့ဒါဆို ခဏစောင့်နေလိုက်နော် အန်တီနဲ့ သမီးဦးက အပြင်သွားစရာလေးရှိလို့ သွားရအုံးမယ်

ဟုတ် အန်တီ

ဇုန် ပျို အခန်းထဲ ဝင်လာမိတာ အရင်ချိန်တွေကို ပြန်မှတ်မိစေတဲ့ အခန်းငယ်လေးက ဘာမှ မပြောင်းလဲသေးပဲ
အရင်တိုင်းရှိလို့နေရဲ့
မရောက်တာ ကြာတော့  ဟိုကြည့်ဒီကြည့်နဲ့ အံဆွဲ အံမကျလို့ ဆွဲရင်း ပြန်ပိတ်ပေးမလို့ လုပ်တော့ လေးထောင့် ဘူးသေးလေးကို တွေ့တော့ ထုပ်ကြည့်မိတယ်လေ
လက်စွပ်လေးနှစ်ကွင်း ပဲ  ဆိုကာ ပြန်ထည့်ထားလိုက်တယ်

ဇုန် ဆိုကာ ပျို အခန်းထဲ ဝင်လာရင်း

ပျို ဇုန် လာတာက တောင်းပန်ချင်လို့ပါ   ဇုန် အဒေါ် ပြောတဲ့စကားတွေ အတွက် ပေါ့

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now