part 14

569 28 0
                                    

စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်

part 14   ( gl fic)

ပျို နဲ့ ပြန်ချစ်တဲ့နေ့ကစပြီး  ဇုန် ကို ပျို  အရမ်းတင်းကျပ်လာတယ်  ရုံးမှာလဲသူ့မျက်စိရှေ့ကအပျောက်မခံချင် ရုံးကိစ္စနဲ့ အပြင်သွားရရင်လဲ နာရီဝက် တစ်ခါ ပုံမှန်ဖုန်းဆက်တယ်    မကိုင်လို့မရဖူးနော်

ဘယ်သွားချင်တယ် ဘယ်သွားရမယ်က အစ ကြိုပြောရတယ်  သဝန်လဲ အရမ်းတိုလာတယ်
ဖုန်းက အစ စစ်တယ် အသက်သိပ်မကွာတဲ့ ဇုန်ကို
ကလေးတစ်ယောက်လို ဆက်ဆံတယ်  မကြိုက်ပေမဲ့ မလွန်ဆန်ရဲ  ခနဲတဲ့တဲ့ စကားတွေ​လဲ ပြောတတ်တာအရမ်း

ဘာလို့လူကြီး ဖြစ်ချင်ရတာလဲတဲ့ အရမ်းရင့်ကျက်ချင်ရင် ငယ်တဲ့ဟာလေးတွေ သွားကြိုက်ပါလားလို့တော့ ပြောမယ်မထင်နဲ့နော်

ပြောပုံက
ဟိုကောင်မလေးတွေကြောင့်လား   အဲ့ဟာလေးတွေရှေ့ဆို ရှင်လေးက အရမ်းတည်ငြိမ်သူကြီးပုံစံနဲ့လေ  အဲ့ပုံစံကို သဘောကျတာလား လုံးဝ  မရဖူးနော် ဇုန်
ရှင်လေးက ကျွန်မအပိုင်တဲ့လေ
မမှတ်မိဖူးလား မှတ်မိအောင် ပြန်လုပ်ပေးရမလားတဲ့လေ

ကြက်သီးတောင်ထတဲ့ စကား
တစ်ခါတစ်လေ အရင်က ပျို ဟုတ်ရဲ့လားတောင်ထင်မိပေမဲ့လေ

ဒါမဲ့လေ ဇုန် အပြစ်မမြင်မိတာ တကယ်ပါ ပျိုဆိုတဲ့ အဲ့အမျိူးသမီးလေး အဲ့လိုတွေဖြစ်တာ ဇုန်ကို အရမ်းချစ်လို့လေ 

တကယ်တော့ ဇုန်လဲ ပျို ဆိုတဲ့ အမျိုးသမီးလေးရှေ့ဆို ကလေးတစ်ယောက်လို ချွဲတတ်တယ်လေ ဆိုးနွဲ့တတ်တယ်လေ

******ဘယ်လောက်ပဲ ရင့်ကျက်ပါစေ******** ****ကိုယ့်ကိုဂရုတစိုက်ချစ်ပေးတဲ့သူနဲ့တွေ့ရင်****** ****ကြီးကြီးငယ်ငယ်  ကလေးဆန်ကြတာပါပဲ******
*****ဒါဟာ လူတိုင်းနော် ချစ်ဖူးတဲ့လူတိုင်း သိတယ်******
××××××

အမလေး ခေါင်းပုတ်လိုက် စကားတွေပြောလိုက်နဲ့ တစ်ခါတစ်ခါ ရယ်နေလိုက်တာများ ပါးစပ်က နားရွက်ချိတ်တော့မယ်  ဒင်းလေးဟာလေ ဘယ်လောက်သတိပေးပေး ခပ်ငယ်ငယ် ကောင်မလေးတွေရှေ့ဆို  ပုံမှန်ထက် ပို showလုပ်နေသလိုပဲ

ရှေ့မျက်နှာချင်းဆိုင်ရုံးခန်းကို ကြည့်ကာ သဝန်တိုနေတဲ့ အမျိုးသမီးက တည်ငြိမ်မှုမရှိ လမ်းတွေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now