Part-6

8.6K 557 7
                                    

" အောက်ထပ်က အခန်းမှာနေမှာလား ထွက်သွားမလား "

" အေးပါ အောက်ထပ်မှာပဲနေတော့မယ် " သွန်းက ရီလိုက်ကာ

" ငါရေသွားချိုးလိုက်အုံးမယ် "

" နင်တခုခု စားဖို့ ငါ ပြင်ပေးထားမယ် နော် "

" အင်း "

...........

စာဖတ်သံနဲ့ စကားပြောသံများညံနေသော စာသင်ခန်း၏ အနောက်ထောင့်ဆံုးတွင် ထိုင်နေသောခလေးမလေးသည် ပြတင်းပေါက်ကို ငေးကာ ....

* နောက်ဆုံးချိန်ရောက်ပြီ ကာယ ဆိုပြီး စာဝင်သင်အုံးမယ် ပျင်းလိုက်တာ.......ဗိုက်တောင်ဆာလာပြီ ဒီအချိန် အဒေါ်ကြီးမမ ဘာလုပ်နေမလဲ မသိဘူး *

" မဂ်လာပါ ဆရာမ! !"

ဆရာမကို နှုတ်ဆက်သံကြားတော့ အတွေးတွေကို ရုတ်သိမ်းလိုက်ပြီး ရောယောင်ထကာ နှုတ်ဆက်လိုက်သည်....

ညနေ ၃နာရီထိုးတော့ ကျောင်းသားများတန်းစီကာ ကျောင်းဆင်းကြသည်...

ငယ် က ကျောင်းရှေ့ရောက်တော့ ကားအမဲကြီးပေါ်က လူနှစ်ယောက်က ဆင်းလာပြီး ငယ့်ကို အထဲခေါ်သွင်းလိုက်သည်...

ငယ်လည်း ရုတ်တရက် ဆိုတော့ လန့်သွားပြီး အော်နေသည်..

" ညီမလေး..ညီမ..ကိုကို ပါ "

ကားထဲက သူမ အကိုကို မြင်တော့မှ မအော်တော့ပဲ

" ကိုကို.. "

" မနက်ဖြန် ကိုကို နိုင်ငံခြားသွားရမှာမို့လို့ ညီမလေးကို လာနှုတ်ဆက်တာ "

" ရှင် !!"

ကားက ဆိုင်တဆိုင်ရှေ့မှာ ရပ်လိုက်ပြီး

" ညီမလေး ဒီမှာ ဆင်းကြရအောင် အထဲမှာ တခုခုစားရင်းပြောကြမယ် "

" ဟုတ်ကဲ့ "

.......

" ကိုကို့ ကို မွေးစားထားတဲ့ သူက နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုတော့ ကိုကိုပါ လိုက်သွားရမှာ "

" ဘယ်တော့ပြန်လာမှာလဲ ဟင် "

" မသိသေးဘူး ညီမလေးမှာ ဖုန်းရှိလား "

" ဟုတ်ရှိတယ် မမပေးထားတာ "

" ညီမလေး နံပါတ်ပေး ကိုကို ဖုန်းခေါ်လိုက်မယ် "

My Guardian ( ကျွန်မရဲ့ အုပ်ထိန်းသူ ) Season-1Where stories live. Discover now