Part-27

7.2K 498 44
                                    

သွန်း Pov;

ကြာက ငိုပြီးထွက်သွားတာကို မြင်ပေမယ့် သူမ စိတ်ရှုပ်နေတဲ့အတွက် ဒီတိုင်းလွှတ်လိုက်မိတယ်... ပြန်တွေးမိတိုင်း ရင်ထဲမကောင်းပေ။ ကြာ့ကို အားနာနေမိသည်...

အ၀တ်အစားလဲပြီး ကုတင်ဘေးက ခုံပေါ်မှာ တင်ထားတဲ့ သူဆွဲပေးထားတဲ့ ပုံတူလေးကို မျက်လုံးက ရောက်သွားတော့ ကိုင်ကြည့်လိုက်ပြီး

* မိုးတွေကလည်း ရွာနေတုန်းပဲ သူအိမ်ပြန်ရောက်လောက်ပြီနေမှာပါ... မင်းက အချိန်မှားပြီးရောက်လာတာပဲ ငါစိတ်မကြည်တဲ့ အချိန်ဆို အမြဲတမ်းရောက်လာတယ် ပြောမိပြောရာတွေ ပြောထွက်ကုန်ရော *

သူမအခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ ရပ်ထားတဲ့ ကြာရဲ့ကားကို တွေ့လိုက်တော့

" သူ့ကားပဲ သူကားနဲ့ မပြန်ဘူးလား အိမ်ကိုရောပြန်ရဲ့လား မိုးကလည်း ရွာနေတာကို ဘယ်တွေလျှောက်သွားနေလဲ မသိဘူး "

ဖုန်း ဆက်ကြည့်မယ်လုပ်တော့ battery မရှိတာကြောင့် စက်ပိတ်နေသည်..

အားသွင်းပြီး စက်ပြန်ဖွင့်လိုက်တော့ ကြာ့ဆီက misscall တွေ ၀င်နေသည်

" ခုနက ခေါ်ထားတာပဲ ဘာလို့ ခေါ်တာလဲ ငါ့ကို စိတ်ဆိုးပြီးထွက်သွားတယ်မှတ်တာ ပြန်ခေါ်ကြည့်ရင်ကောင်းမယ် " သွန်းလည်း ကြာ့နံပါတ်ကို နှိပ်ကာ ပြန်ခေါ်လိုက်သည်..

.......

ငယ် Pov ;

ဆေးရုံကို ရောက်တော့ counter မှာထိုင်နေတဲ့ nurse မလေးက

" ပထမနံပါတ်ကိုဆက်တုန်းက စက်ပိတ်ထားလို့ နောက်ဆုံးပြောထားတဲ့ နံပါတ်ကို ခေါ်လိုက်တာပါ လူနာရှင်နဲ့ ဘယ်လိုပက်သက်လည်းမသိဘူး "

" သူငယ်ချင်းပါ "

" ဟုတ်ကဲ့ form လေး ဖြည့်ပေးပါနော် အမျိုးတွေမိဘတွေမရှိဘူးလားဗျ "

form ယူကာ ဖြည့်နေရင်း

" ဟုတ် မရှိလို့ သူ့မိဘတွေက နယ်ဘက်မှာပါ ကြာ့ အခြေအနေရော သူအရမ်းဖြစ်သွားလား "

" လောလောဆယ် အရေးပေါ်လူနာခန်း ထဲမှာပါ အခြေအနေကတော့ မသိရသေးပါဘူး ဒဏ်ရာကတော့ တော်တော်ပြင်းတယ် "

My Guardian ( ကျွန်မရဲ့ အုပ်ထိန်းသူ ) Season-1Where stories live. Discover now