💌

10.2K 1.4K 122
                                    

{Unicode}

"ကြောင်ကိုကိုရဲ့ နတ်မိမယ်နဲ့
နတ်သားလေးများ အားလုံးအတွက်"

ချစ်စရာလေးတို့၊ အခု ရှေ့ဆက်မယ့် အပိုဒ်တွေနဲ့ ဆက်စပ်ပြီး စီစဥ်ထားတာလေးတွေကို ပြောပြစရာ ရှိတယ် ___

အရင်ဆုံး ယဲ့ခွေးကတော့ ချစ်ခြင်းမေတ္တာတွေကို ခံယူဖို့ သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားစေနိုင်တဲ့ ပူပြင်းခြောက်သွေ့တဲ့ နေရာကို ဝင်ပါတော့မယ်။

မကြာခင် အချိန်မှာပဲ ဇာတ်လမ်းရဲ့ အလှည့်အပြောင်း အကြီးကြီးကို ရောက်တော့မှာပါ။ ဓားထက်ထက် တစ်လက်ကလည်း ယဲ့ထင်ဆီကို ထိုးစိုက်လုနီးပါး ဖြစ်နေပါပြီ။ ငါလည်း ဘယ်လိုပြောပြရပါလိမ့်...ဘာပဲဖြစ်ဖြစ် တအား ချဥ်စူးပြီး လုံးဝ အံဝင်ခွင်ကျ ဖြစ်နေတော့မှာကွာ။

ဝမ်ယန် အဲ့အရူးလေးကလည်း မကြာခင် အထောင်းခံရတော့မှာပါ။

အရင်တုန်းက မြှုပ်ထားပြီး ထုတ်မပြရသေးတဲ့ အချက်တွေ၊ လျှို့ဝှက်ဆန်းကြယ်နေတဲ့ ဇာတ်ကွက်တွေ အများကြီးကိုလည်း အားလုံး နားလည်သွားအောင် ဖြည်းဖြည်းချင်း ရှင်းပြပါတော့မယ်။

အငြိုးအာဃာသတွေ၊ အရူးအမူး စွဲလမ်းတာတွေ၊ ဖိအားပေးပြီး ချစ်ခိုင်းတာတွေ၊ ချဥ်တစ်လှည့် ခါးတစ်လှည့်နဲ့ ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းတွေ.......အားလုံးကို မင်းတို့ဆီ သေချာပေါက် စွတ်ပြုတ်အိုး အကြီးကြီးနဲ့ ထည့်ပေးမှာပါ။

ပြောစရာတွေ အများကြီးထဲက တစ်ကြောင်းထဲ ပြောရမယ်ဆိုရင်___

ဒီမှာ အားလုံးရှိတယ်။ နောက်အပိုင်းတွေ ဆက်ဖတ်ပေးသွားပါ။ စိတ်လှုပ်ရှားစရာတွေက အခုမှစတာကို၊ ထွက်မသွားပါနဲ့ !!! (သွားလည်း ငါပြန်ဆွဲခေါ်လာမယ်)

အပ်ဒိတ်တွေအများကြီး ပေးနိုင်အောင် ကြိုးစားသွားပါမယ်။

အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်!!!

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now