နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါEnding

9.2K 828 96
                                    

"ဘာမှမကြောက်နဲ့နော်မမခင် နန်းရှိတယ် နန်းအနားမှာရှိတယ်နော်"

နန်းယဥ်ခမ်း ခင်ခင်အားထွေးပွေ့ထားရင်း ထွေးမာတို့အား ကျယ်လောင်စွာအော်ခေါ်လိုက်သည်။

ထွေးမာနှင့်ဌေးဌေးတို့နှစ်ဦး ခင်ခင်၏အခန်းဝတွင် လဲနေသော ပုလိပ်အားတွေ့မြင်လိုက်ကြရသည်။

"ထွေးမာ လာ မမခင်အနားနေနေအုံးနော် "

ပြူးတူးကြောင်တောင်ဖြင့် ထွေးမာနှင့်ဌေးဌေးတို့ ခင်ခင်၏အနားဝင်ထိုင်လိုက်၏။

"မမခင်ဘာမှမကြောက်နဲ့နော် နန်းတစ်ယောက်လုံးရှိတယ် ခု ဒီလူယုတ်မာကို သူ့သခင်ဆီပြန်ပို့လိုက်အုံးမယ်နော်"

ခင်ခင် ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။နန်းယဥ်ခမ်း ကိုဘသောင်းအားသွားခေါ်ကာ ထိုပုလိပ်အား ရှီလာစံအိမ်ကြီးထဲသို့ သယ်လာခိုင်းစေသည်။

"ဒီမှာချထားလိုက် ကိုဘသောင်း"

"ဟုတ်မမလေးနန်း"

"သွေးအရမ်းမထွက်ဖူးမှတ်လား"

"ဟုတ် အနည်းငယ်ပဲထိခိုက်သွားတာပါ မမလေးနန်း"

"သူ့ကိုခဏစောင့်ကြည့်ထားလိုက် ကိုဘသောင်း"

"ဟုတ် မမလေးနန်း"

နန်းယဥ်ခမ်း အိမ်အပေါ်ထပ်သို့အလျင်အမြန်တက်သွားသည်။အိပ်ခန်းထဲတွင် အိပ်ပျော်နေသော ဂျော်နသန်အနားမတ်တပ်ရပ်လိုက်ကာ

"ကိုဂျော်နသန် ကိုဂျော်နသန် "

အနည်းငယ်ပြင်းထန်လာသောခေါ်သံကြောင့် ဂျော်နသန်နိုးသွားခဲ့သည်။

"ဟာ မအိပ်သေးဘူးလား ဟန်နီ"

နန်းယဥ်ခမ်း ဂျော်နသန်အနားဝင်ထိုင်လိုက်ကာ

"ခုပဲကိုဂျော်နသန်ခေါ်လာတဲ့ပုလိပ်တစ်ယောက်ကို နန်း ခေါင်းရိုက်ခွဲခဲ့တယ် ကိုဂျော်နသန် "

ဂျော်နသန် မအံ့သြပေ။မှန်၏။ဂျော်နသန်လုံးဝမအံ့သြခဲ့ချေ။ အဘယ်ကြောင့်ဆိုသော သူကိုယ်တိုင်ထိုပုလိပ်အားခိုင်းစေထားသောကြောင့်
ဖြစ်သည်။ ဂျော်နသန်၏မျက်နှာထားအခြေအနေအား နန်းယဥ်ခမ်းအကဲခတ်မိပြီး သူမအခြေအနေအားရိပ်မိခဲ့လေပြီ။

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Where stories live. Discover now