38

15.8K 2.5K 143
                                    

{Unicode}

"မျှော်င်ချက်များအား
လက်မြောက်အရှုံးပေးခြင်း"

ယဲ့ထင်၏ နှလုံးသားသည် ဆတ်ခနဲ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ နာကျင်လှသည်။

သူသည် ရန်ကျားလိ၏ မျက်ရည်များ စီးကျနေသော မျက်နှာလေးနှင့် ထုံကျင်စွာနှင့် ရုန်းကန်လှုပ်ရှားနေရသော မျက်ဝန်းတစ်စုံကို ငေးကြည့်နေရင်း တုံ့ဆိုင်းမနေဘဲ ရန်ကျားလိအား ရင်ခွင်ထဲ ပွေ့ဖက်လိုက်ကာ အိမ်သို့ ပြန်ခေါ်လာပေးချင်ခဲ့သည်။

ရန်ကျားလိသည် တဖွဲဖွဲ ကျဆင်းနေသော နှင်းစက်များကိုကြည့်ရင်း လေသံမှာလည်း တဖြည်းဖြည်းနှင့် ရှိုက်ငိုသံတို့ကိုပါ ယူငင်လာလေသည်။

သူသည် ခေါင်းမော့လာပြီး ယဲ့ထင်ကို စိုက်ကြည့်လိုက်ချိန်တွင် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ကြောင့် မျက်လုံးထဲ၌ မဆိုစလောက် တောက်ပမှုလေး ဖြတ်ပြေးသွားသည်။

"နောက်တော့ ငါ တက္ကသိုလ် ရောက်လာတယ်"

"ငါ့အတွက် ကံအကောင်းခဲ့ဆုံးကတော့ တက္ကသိုလ်မှာ မင်းနဲ့ တွေ့ခွင့်ရခဲ့တာပဲ"

ရန်ကျားလိက တိုးဖွဖွနှင့် ပြောသည်။

"ဒါက ငါ့ဘဝမှာ အပျော်ရွှင်ခဲ့ရဆုံး လေးနှစ်တာ ကာလပဲလေ"

"မေမေနဲ့ ဘွားဘွားကလွဲပြီး ဘယ်သူမှ ငါ့အပေါ် ဒီလောက် မကောင်းပေးဖူးဘူး။ ဘယ်သူမှ မကောင်းပေးခဲ့ဘူး"

"ငါက ပျားရည် ကြိုက်တယ်ဆိုလို့ မင်းက ဘီရိုထဲမှာ ပျားရည်တွေ ဝှက်ထားပေးတယ်။ ငါ နို့သာကူ ကြိုက်လို့လည်း မင်းက နေ့တိုင်း ငါ့အတွက်ဆိုပြီး ယူလာပေးခဲ့သေးတယ်။ နှင်းတွေကျတဲ့နေ့မှာ မင်းရဲ့ စက်ဘီးနောက်ခုံမှာ ထိုင်ပြီး မင်းရဲ့နောက်ကျောကို မှီထားရရင် ငါဘယ်လောက်တောင် စိတ်အေးခဲ့ရလဲဆိုတာ အမြဲတမ်း မှတ်မိနေပါသေးတယ်။ အဲ့ဒီလေးနှစ်တာ အချိန်တွေကို တစ်မိနစ် တစ်စက္ကန့်လေးတောင် ငါမေ့မပစ်နိုင်ခဲ့ဘူး"

"ဒါပေမဲ့ မင်းက ရှောင်ရှကို နို့သာကူ ပေးပြီး ငါအရမ်းကြိုက်တဲ့ အရာကိုတော့ မေ့ပစ်လိုက်တဲ့အချိန်၊ မင်းက ရှောင်ရှရဲ့ ဘွဲ့ယူအခမ်းအနားကိုပဲ အမှတ်ရနေပြီး အဲ့နေ့ကလည်း ငါ့မွေးနေ့ဆိုတာကိုတော့ မင်းမေ့ပျောက်သွားတဲ့အချိန်...အဲ့အချိန်မှာ ငါသိလိုက်ရတယ်။ အဲ့လေးနှစ်တာ ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေကလည်း ငါပဲ ခိုးယူလာမိခဲ့တာပဲလို့။ အစကတည်းက အဆုံးသတ်သွားပြီးသား အရာတွေကိုလေ။ မင်း သဘောကျတဲ့သူကလည်း ထပ်ပြီး ငါမဟုတ်နိုင်တော့ဘူး"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now