[88]

1.5K 240 1
                                    

[Unicode]

အခန်း(၈၈):ရိုးသားတဲ့ ဖွင့်ဟဝန်ခံချက်နှင့် ညဉ့်နက် ဝက်ဘ်ဆိုက်များ

“ကိုယ့်ကို ပြောပါ။” အိုးရန်လုံသည် သူ့ပါးလေးတွေကို ညစ်လိုက်ပြန်ကာ မရမ​နေ ဇွဲ​ကောင်း​ကောင်းဖြင့် မေး​နေ၏။

"... တစ်လခွဲလောက်ကြာပြီးမှ ပြောပြလို့ရမလား?" ဆုနိုသည် သတိကြီးကြီးနဲ့ မေးလိုက်သည်။ ချူဟန်နဲ့ကစားရမည့် ကစားဝိုင်းက တစ်လခွဲလောက်ကြာရင် ပြီး​လောက်ပြီ။ သူ့ရဲ့ချောမောခန့်ညားတဲ့ မစ္စတာဒါရိုက်တာနဲ့ သူ့အစ်ကိုကြီးကို ပြောပြီး အဲဒီနှာဘူး​ကောင်ကို အပြစ်ပေးခိုင်းလိုက်မယ်။ အဲဒါက တကယ်ကို မိုက်မှာပဲ!

သို့သော် ဆုနို၏မေးခွန်းအတွက် မစ္စတာဒါရိုက်တာက အံ့အားသင့်စွာ လက်မခံ​ကြောင်း ပြောခဲ့သည်။

"ဒါဆိုရင်လည်း ဒါရိုက်တာကြီးကို ပြောပြီးရင် သူ့ကို အပြစ်ပေးဖို့ အနည်းဆုံး တစ်လခွဲလောက် စောင့်ပေးလို့နိုင်မလား?" ဆုနိုသည် တစ်စက္ကန့်လောက် စကားကို နောက်ပြန်ဆုတ်လိုက်ပြီး “သူက ကျွန်တော်ကို တကယ်အခွင့်ကောင်းမယူပါဘူး။သူက ကျွန်တော့်ကို ညစ်ညစ်ညမ်းညမ်း စကားတွေပဲ ပြောနေတာ။"

"ကိုယ် စဉ်းစားကြည့်ပါ့မယ်။" မစ္စတာဒါရိုက်တာ ခေါင်းညိတ်ပြလိုက်သည်။

စဉ်းစားကြည့်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ!ဒါရိုက်တာကြီးဆီက​​နေ ဘာမှ ပြင်းပြင်းထန်ထန်မလုပ်ဘူးဆိုတဲ့ ရာနှုန်းပြည့်အာမခံချက်လိုတယ်။အဲ့​တော့မှ ကျွန်တော် ပြောပြနိုင်မယ်! ဆုနို မျက်စောင်းထိုးကာ ကန့်ကွက်လိုက်သည်။

“ကောင်းပြီ။ ကောင်းပြီ။” အိုးရန်လုံသည် ဆုနို၏ခေါင်းလေးကို  ပွတ်သပ်လိုက်ကာ "ကိုယ် ကတိပေးပါတယ်"

“ဒါရိုက်...ဒါရိုက်တာကြီး..ဒါကိုကျိန်ပြရမယ်။”
ဆုနိုသည် လွယ်လွယ်ကူကူ မလုပ်နိုင်ပေ။

ပြောရရင် အခြေအနေက ငါ့အချစ်ဆုံးအစ်ကိုကြီးနဲ့ သက်ဆိုင်နေတယ်။ငါပြောတာတွေကို အရမ်းသတိထားရမယ်!

အိုးရန်လုံသည် သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး "ကိုယ် ဘာနဲ့ကျိန်ပြရမလဲ?"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now