Special Episode I

13.5K 1.7K 61
                                    

{Unicode}

"ထိုအချိန်က ဆယ်ကျော်သက်"

ယဲ့ထင် ကုမ္ပဏီမှ ထွက်လာချိန်တွင် ကောင်းကင်တစ်ခွင်၌ လှပသော နေဝင်ဆည်းဆာ အလင်းရောင်တို့ဖြင့် ခြယ်မှုန်းထားလေ၏။

ဆည်းဆာရောင်ခြည်သည် မြို့၏ အခြားတစ်ဖက် ကောင်းကင်ပြင်သို့ ရောက်သောအခါ ကွယ်ပျောက်သွားပေတော့မည်။ ထိုမတိုင်ခင်တော့ ကောင်းကင်ထက်တွင် မီးတောက်သဖွယ် နီနီရဲရဲ တိမ်စိုင်မိုးသားများက ဖိတ်လျှံတောက်ပ နေနှင့်ဦးမည်။ ထို တိမ်ခိုးတိမ်မျှင်များ မြို့အနှံ့ ဖြန့်ကျက်ထားပုံက ပျားရည်အိုးသဖွယ် နွေးထွေးချိုမြိန်လှသည့် စိတ်ကူးယဥ် ကမ္ဘာထဲ ကျရောက်သွားသကဲ့သို့ပင်။

ယဲ့ထင်သည် နက်ခ်တိုင်ကို ဖြေလျှော့လိုက်ပြီး ဒရိုင်ဘာကို မေးလိုက်သည်။

"ရန်ရန် အိမ်ပြန်သွားပြီလား"

ဒရိုင်ဘာက ပြုံးစစနှင့် ခေါင်းညိတ်လိုက်သည်။

"ခုနကလေးတင် သခင်လေးရန်ကို အိမ်ပြန်ပို့လိုက်တာပါ"

ယဲ့ထင်သည် သက်ပြင်း တစ်ချက်ချကာ ကားထဲသို့ ဝင်လိုက်သည်။

ကားလေးသည် ဖြည်းဖြည်းငြိမ့်ငြိမ့်နှင့် အိမ်၏ လားရာသို့ ဦးတည် မောင်းနှင်လာသည်။

လမ်းဆုံတစ်ခုကို ဖြတ်သွားသောအခါ အပြင်ဘက် ရှူခင်းများကို ကြည့်နေသည့် ယဲ့ထင်ထံမှ ရုတ်တရက် ​အသံထွက်လာသည်။

"ဒီကနေ၊ နောက်ထပ် လမ်းဆုံ တစ်ခုကို ကွေ့လိုက်ရင် Heshan သင်္ချိုင်းကို ရောက်တယ်မလား"

ဒရိုင်ဘာက "ဟုတ်ပါတယ်" ဟုပြန်ဖြေသည်။

ယဲ့ထင်၏ လက်ချောင်းများသည် ခြေထောက်ပေါ် အနည်းငယ် ထိခတ်သွားပြီး

"Heshan သင်္ချိုင်းကို သွားရအောင်"

ဒရိုင်ဘာက ကောင်းပါပြီဟု ပြန်ဖြေပြီး စတီယာရင်ကို လှည့်ကာ လမ်းကွေ့လိုက်သည်။

Heshan သုသာန်သို့ ရောက်သောအခါ ယဲ့ထင်သည် ထိုနေရာကိုကြည့်ရင်း အသက်ရှုသံမှာ ပုံမှန်မဟုတ်တော့ဘဲ တင်းကျပ်လို့လာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now