Give and Take Ep13‼️‼️‼️‼️

13.3K 281 13
                                    

ပြဿနာဖြစ်ပြီးတစ်ပတ်အကြာမှာတော့ရန်ပိုင်တစ်ယောက်မရှိမဲ့ရှိမဲ့သတ္တိလေးတေကိုစုလိုက်ပြီးလက်ထဲမှာတော့အလှလေးရဲ့
business cardလေးကိုကိုင်ကာအလှလေးရှိရာသို့လိုက်လာခဲ့တယ်။

At hospital

ဆေးရုံကိုရောက်တာနဲ့ကောင်တာကိုသွားလိုက်ကာ

"ဒီမှာခင်ဗျ"

"ဟုတ်ကဲ့ဘာများကူညီပေးရမလဲရှင့်"

"ဒီမှာDr. ဥာဏ်ရှိလားမသိဘူးဗျ"

"ဪဟုတ်ကဲ့Dr. က...ဟောပြောရင်းနဲ့ဟိုမှာလာနေပါပြီ"

Nurseမလေးညွှန်ရာကိုလှမ်းကြည့်လိုက်တော့အဖြူရောင်ဂျူတီကုတ်လေးနဲ့အလှဆုံးလူသားလေးဘဝမှာပထမဆုံးရင်ခုန်သံဖြစ်တည်ရာလေး။

ဥာဏ်တစ်ယောက်(ဟိုသူတောင်းစားကငါ့ကိုတာဝန်ယူမယ်လေးဘာလေးအာချောင်ပြီးအခုတော့ခွေးပျောက်ဝက်ပျောက်ပျောက်သွားပြီဒင်းနဲ့တွေ့လို့ကတော့ကားနဲ့ကိုတက်ကြိတ်ပစ်အုံးမယ်။)

တွေးတောရင်းလမ်းလျှောက်လာစဥ်မှာဘဲကောင်တာရှေ့မှာသူကိုပြုံးပြီးရပ်ကြည့်နေသောသူ။ဟိုသူတောင်းစား!!!

မမြင်ချင်ယောင်ဆောင်ကာကျော်သွားလိုက်တော့လက်ကိုအတင်းလာဆွဲသူ

"ကိုကို!!"(wtfငါကအလှ​လေးကိုဘယ်လိုခေါ်လိုက်တာပါလိမ့်)

"ဘာ!!!!ဘယ်နားကကိုကိုတာလဲလူမှားနေတယ်မျက်လုံးမကောင်းရင်အာရုံကြောအထူးကုဆီသွား"

"ဟာဗျာမျက်လုံးကောင်းလွန်းလို့ဒီကအလှလေးကိုတွေ့ရတာပေါ့ဗျာ"

"ဘာ!!!မင်းးမင်းငါ့ကိုလူကြားထဲထိအရှက်လိုက်ခွဲနေတာလား"

Nurseမလေးများကလဲစိတ်ဝင်တစားဖြင့်ပြူးပြဲကြည့်နေကြလေသည်။

"ကျွန်တော်ဘာမှမလုပ်ရသေးဘူးလေကိုကိုကလဲ"

"လိ့ကိုကိုတာလားမင်းကိုငါမသိဘူးငါ့ကိုလွှတ်"

"ဟာဗျာကိုကိုရာအသက်ကြီးတော့မှတ်ဥာဏ်တေပျောက်သွားတာလားကိုယ့်ကိုတက်လုပ်ခဲ့တဲ့သူကိုတောင်မေ့.ဝူးးးဝူးးး"

ပါးစပ်ကိုလက်ဖြင့်အတင်းအုပ်လာသောသူကြောင့်ပြောလက်စများပင်တစ်ဆို့သွားရတယ်။

    Give and Take🔞🔞🔞CompleteWhere stories live. Discover now